Chapter 78: Rejecting Sun Miaomiao

5.2K 788 40
                                    

Unicode

သူ၏အလုပ်များသော အချိန်ဇယားမှ အနားယူပြီး ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကို ကုန်သွယ်အိမ်ကြီးများဆီသို့ ခေါ်သွားခဲ့သည်။

" မင်း ဘယ်လိုအဓိပ္ပါယ်မရှိတာ​တွေ ပြော​နေတာလဲ? ငါကဘာလို့ သိုလှောင်လက်ကောက်ကို လိုအပ်ရမှာလဲ? ငါကတစ်နေကုန် အိမ်မှာနေပြီး ဘယ်မှသွားစရာမရှိဘူး... ဒါကို ငါဘာလုပ်ရမှာလဲ? " ရွှီမုရန်သည် ကောင်တာရှေ့တွင်ရပ်လိုက်ပြီး သူ့ဘေးနားရှိ ရှောင်ကျင့်ထျင်ကို အားကိုးရာမဲ့စွာကြည့်ရင်း ခေါင်းခါလိုက်သည်။

" ဒါက မင်းပစ္စည်းတွေကို သိမ်းဆည်းဖို့ ကူညီပေးနိုင်တယ်! " ရှောင်ကျင့်ထျင်က ပြောသည်။

ရွှီမုရန်က ခေါင်းခါလိုက်ပြီး " ဒါပေမယ့် ငါ့မှာ သိမ်းထားစရာ ဘာမှမရှိဘူး။ "

ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် ကုန်သွယ်အိမ်၏ မြေညီထပ်အ​ရောင်းကောင်တာရှိ သိုလှောင်လက်ကောက်ကို ကြည့်နေသည့်အချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး အပေါ်ထပ်မှ ဆင်းလာခဲ့သည်။

" စွင်းသခင်မ​လေး၊ ဒီ သုန်ယွင်ရှားဝတ်စုံကို မင်းတကယ်မယူ​တော့ဘူးလား? ဒီဝတ်စုံမှာပါတဲ့ရှားပါးတဲ့ချည်မျှင်က ဆောင်းရာသီမှာပူနွေးစေပြီး နွေရာသီမှာ အေးမြ​စေတဲ့ချည်မျှင်ဖြစ်ပါတယ်။ ငွေနှစ်ထောင်ပဲကျသင့်ပါတယ်။ တကယ်​တော့ သိပ်စျေးမကြီးပါဘူး။ " အ​ရောင်းစာ​ရေးတစ်ယောက်က အမျိုးသမီးနောက်မှလိုက်လာ၏။

ရှောင်ကျင့်ထျင်သည် သူ့နောက်ကိုမသိစိတ်မှ လှမ်းကြည့်လိုက်ကာ စွင်းသခင်မ​လေးသည် စွင်း​မြောင်​မြောင် ဖြစ်ကြောင်းတွေ့ရှိလိုက်သည်။

စွင်း​မြောင်​မြောင်သည် ရှောင်ကျင့်ထျင်ကိုမြင်သောအခါ သူမမျက်နှာပူလာတော့သည်။

ရှောင်ကျင့်ထျင်ကို ဧည့်ခံပေး​သောအ​ရောင်းစာ​ရေးက ပေါ့ပေါ့ပါးပါးပြုံးပြီးပြောတယ်: " ရှောင်သခင်​လေး၊ ဒီသိုလှောင်လက်ကောက်ကို မင်းအတွက် ကျွန်တော်ထုပ်ပေးရမလား? "

" ငါတို့ ဒါကိုထားလိုက်​တော့မယ်။ ကျေးဇူးတင်ပါတယ်။ " ဟု ရွှီမုရန်ကပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now