Unicode
ရှောင်ကျင့်ထျင်၏ အိမ်ဝင်းထဲတွင်။
" ပါးပါး၊ ဖေဖေ ဘယ်တော့ပြန်လာမှာလဲ? " ရှောင်ရှောင်ဖန်က ထမင်းစားနေစဉ် ရှုံ့တွကာမေးလိုက်လေသည်။
" တစ်လလောက်နေရင် သူပြန်လာပါလိမ့်မယ်။ " ရွှီမုရန်က ပြောသည်။
ရှောင်ရှောင်ဖန်က စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ်ကြည့်လိုက်ကာ " ဒါက ကြာလွန်းတယ်၊ ဖေဖေမရှိရင် ထမင်းစားရတာ အရသာမရှိဘူး။ "
" အရသာမကောင်းရင်တောင် မင်းက အရမ်းစားနေတာပဲလေ... " ရှောင်ရှောင်တုန်က စိတ်ဆိုးနေသည့်လေသံဖြင့်ပြောလိုက်သည်။
" မစားပါဘူး! " ရှောင်ရှောင်ဖန်က မကျေနပ်ဖြင့် ပြန်လည်ချေပလေသည်။
" ဒါက တစ်လပဲရှိသေးတယ်! အရင်တုန်းက သူက အိမ်ကနေ ခဏခဏထွက်သွားခဲ့တယ်။ သူ့ကို တစ်လလောက် မတွေ့ရတာက သာမာန်ပဲလေ ဘာကိစ္စမှမရှိဘူး။ " ရှောင်ရှောင်တုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှောင်ရှောင်ဖန်သည် ရှောင်ရှောင်တုန်ကို အနည်းငယ် ထူးဆန်းစွာကြည့်ကာ " အရင်က ဒီလိုမျိုး ကြုံဖူးတာလား? "
ရှောင်ရှောင်တုန်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ သူအနားမှာမရှိတာကို မင်းအကြိုက်ဆုံးပဲ.... "
ရှောင်ရှောင်ဖန်လန့်သွားသည်။ " ဒါပေမယ့်.... အခု သူ့ကို သဘောကျတယ်.... ဖေဖေက အရမ်းကွာခြားသွားပြီ။ အစ်ကို၊ မင်းလည်း သူ့ကို လွမ်းနေတာပဲလေ။ "
ရှောင်ရှောင်တုန်က တစ်ဖက်သို့လှည့်ကာ မျက်နှာချင်းမဆိုင်ဘဲ ကြမ်းတမ်းစွာပြောလိုက်သည်။ " ငါ သူ့ကို လွမ်းနေတယ်လို့ မင်းဘာလို့ထင်နေတာလဲ? သူက သိပ်မကြာခင်ကပဲ ထွက်သွားခဲ့တယ်။ ငါ သူ့ကိုတွေ့နေကျဖြစ်နေတော့ ငါ သူ့ကိုမလွမ်းဘူး။ "
ရှောင်ရှောင်ဖန်က သူ့ပါးကိုဖွဖွပွတ်ရင်း " မဟုတ်ဘူးလား? ငါတို့အဖေ ဘယ်သွားလဲ၊ ဘယ်တော့ပြန်လာမှာလဲလို့ မင်းတခြားသူတွေကို လိုက်မေးနေပေမယ့် အခုချိန်အထိမင်းဘာမှမသိနိုင်သေးဘူး။ "
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...