Chapter 47: Mu Shuyu Faints

5.6K 923 14
                                    

Unicode

နောက်ဆုံးတွင် လိင်စိတ်တက်ကြွလာသူ ရှောင်ကျင့်ထျင်သည် အိပ်ယာပေါ်၌ ဖြတ်သန်းခဲ့ရသည့်အရာများကို မမေ့နိုင်ပေ။ ထို့ကြောင့် ရှောင်ကျင့်ထျင်သည် ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်တို့၏အိပ်ရာကို အခြားအခန်းတွင်ထားခဲ့ပြီး ကလေးနှစ်ယောက်ကို ရှောင်ကျင်းဖုန်းနှင့်မုရှူးယွီတို့ ဂရုစိုက်ပြုစုပေးရန် သဘာဝအတိုင်းထားခဲ့လိုက်သည်။

ရွှီမုရန်သည် ရှောင်ကျင့်ထျင်၏ အစီအစဉ်ကို တိတ်တဆိတ် အတည်ပြုခဲ့သည်။

ရှောင်​ရှောင်တုန်က သူ့အဖေနှစ်ယောက်က သူတို့ကိုလုပ်ခဲ့တာ​တွေကို စိတ်ထဲမှာ ညည်းညူခဲ့ပေမယ့် နောက်ဆုံးမှာတော့ မြန်မြန်လက်ခံလိုက်၏။

ရှောင်​ရှောင်ဖန်က သူ့အဖေ ဘာကြောင့် သူ့ကို ဒုတိယဦးလေးနဲ့ နေစေချင်တာလဲဆိုတာကို ကောင်းကောင်းနားမလည်ပေမယ့် သူက အကြံပေးချက်ကို အေးအေးဆေးဆေး လက်ခံထားဆဲပေ။

ရှောင်​ရှောင်ဖန်သည် လျှို့ဝှက်နေရာများတွင် သရေစာမုန့်များကို သိမ်းဆည်းရသည်ကို နှစ်သက်သောကြောင့် ရွှီမုရန်သည် ၎င်းတို့ကို တွေ့သောအခါ အမြဲသိမ်းဆည်းခဲ့သည်။ သူ့အိပ်ရာကို ရှောင်ကျင်းဖုန်း၏အခန်းသို့ပြောင်းပြီးနောက် ရှောင်​ရှောင်ဖန်သည် နောက်ဆုံးတွင် အဆာပြေမုန့်များကို ပွင့်လင်းရိုးသားစွာ ဝှက်ထားနိုင်ခဲ့သည်။

ရှောင်​ရှောင်တုန်သည် ရှောင်​ရှောင်ဖန်၏ လှည့်စားမှုကို ကောင်းစွာသိရှိခဲ့သည်။ ရှောင်​ရှောင်တုန်က သူ့ညီဟာတကယ်ကို အရူးတစ်ယောက်လို့ ခံစားလိုက်ရသည်။

ပထမတန်းလယ်ကွင်း၏ လယ်ကွင်း၅ခုကို ရိတ်သိမ်းပြီးနောက် ရှောင်ကျင့်ထျင်၏ငွေသည် နှစ်ထောင်ငါးရာဝန်းကျင်သို့ ရောက်ရှိသွားသည်။

ထိုကာလအတွင်း ရွှီမုရန်နှင့် ရှောင်ကျင်းဖုန်းတို့သည် နတ်ဆိုးသားရဲများစွာကိုသတ်ခဲ့ပြီး ငွေအမြောက်အမြားကို ရှာဖွေနိုင်ခဲ့သည်။

ရှောင်ကျင့်ထျင်သည် လက်ထဲတွင်ငွေအချို့ကိုင်ထားပြီး ဖြည့်စွက်ရန်အတွက် တစ်ခုခုဝယ်လိုသောကြောင့် သူတို့လေးယောက်စုပြီး ဆွေးနွေးကြသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now