Part-1 + Part-2 (Uni)

851 56 1
                                    

    Part-1

Transmigration (ခန္ဓာသစ်ကို ဝိညာဉ်ကူးပြောင်းခြင်း)

XuRanသတိရရချင်း တစ်ယောက်ယောက်စကားပြောနေတဲ့အသံကိုကြားလိုက်ရသည်။ သို့သော်ဘာတွေပြောနေလည်းဆိုတာကိုသူသေချာမသိပေ။ ထို့ကြောင့်XuRanသည် ထိုသူတို့ဘာပြောနေလဲဆိုတာကို သိရရန် အသည်းအသန်ထကြည့်လိုက်သည်။

"TangTangနဲ့GuoGuo အခုကလယ်လုပ်စရာတွေသိပ်မရှိတော့ဘူး ဒါကြောင့်ပါးပါးကအခုတောင်ပေါ်ကိုတက်ရမယ် မင်းဖေဖေကိုဂရုစိုက်ရမယ်နော် အခြားသူတွေ သူ့ကိုအနိုင်မကျင့်စေနဲ့နော် နားလည်လား ပါးပါးသိပ်မကြာခင်ပြန်လာခဲ့မယ်"

XuRanသည် ယောက်ျားတစ်ယောက်ရဲ့ချိုသာတဲ့အသံကိုကြားလိုက်ရ၏။

"ဟုတ်ကဲ့ပါးပါး ဂရုစိုက်ပါ"
"ဟုတ်ကဲ့ပါးပါး စိတ်ချပါ ဖေဖေ့ကိုအခြားသူတွေအနိုင်မကျင့်စေရပါဘူး"

ပြီးနောက်ငယ်ရွယ်တဲ့ကလေး၂ယောက်အသံကိုပါကြားလိုက်ရသည်။ သူတို့အသံလေးတွေမှာခပ်ဆင်ဆင်ဖြစ်ပြီး နားထောင်လို့လည်းအရမ်းကောင်းသည်။

"လိမ္မာလိုက်တဲ့ကလေးတွေ"

အဲ့နောက်မှာဆူညံသံကိုကြားလိုက်ရသည်။
ထိုအမျိုးသားရဲ့နူးညံ့တဲ့အသံကိုမကြားရတော့တဲ့အခါ XuRanက သူထွက်သွားပြီဟုထင်လိုက်သည်။

"GuoGuo စာရေးလေ့ကျင့်ရအောင်! ဒီနည်းနဲ့ပဲဖေဖေ့ကိုမနှောင့်ယှက်ပဲနေကြစို့"
"အင်း! ငါတို့ငြိမ်ငြိမ်လေးနေသင့်တယ်"

XuRanက ကလေး၂ယောက်ရဲ့အသံကိုကြားရပြီး အကြောင်းပြချက်မရှိပဲ အလွန်ထိတ်လန့်သွားမိသည်။ အဲ့ချိန်မှာသူ့စိတ်ထဲကရှိတာက အိပ်ယာကနေနိုးထလာဖို့ပင်။ သူအိပ်ယာကနေနိုးထလိုက်ပြီဆိုရင် အရာအားလုံးကရှင်းလင်းသွားလိမ့်မယ်လို့ သူယုံကြည်နေခဲ့သည်။
......

အချိန်တစ်ခုကြာပြီးနောက် XuRanကနောက်ဆုံးတော့ သူ့ရဲ့မျက်လုံးများအားဖွင့်နိုင်သွားခဲ့ပြီ။ စူးရှသောနေရောင်က သူ့အမြင်အာရုံထဲသို့ဝင်ရောက်လာခဲ့ပြီးနောက် သူကစုတ်ချာတဲ့အခန်းထဲမှာရှိနေတာကိုတွေ့လိုက်ရသည်။ သူကရုတ်တရက်မတ်တပ်ရပ်ဖို့ကြိုးစားလိုက်​သော်လည်း ခေါင်းအရမ်းမူးနေသည့်အပြင် လှုပ်ရှားဖို့ခက်ခဲလောက်တဲ့အထိကိုအားနည်းနေခဲ့သည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now