Part-15 + Part-16 (Uni)

276 41 3
                                    

Part-15

Doctor Liu-ဆရာဝန်လျို

မီးဖိုချောင်ထဲမှာ အကုန်ဆေးကြောပြီးနောက် လျိုထုံနဲ့ရွှီရန်က ဝူမိန်ရဲ့ခြံဝန်းထဲကို ဆင်းလာခဲ့ကြတယ်။ တကယ်တော့ အိမ်ပိုင်ရှင်ကအိမ်မှာမရှိတာကြောင့် သူတို့အိမ်ထဲမှာနေရမှာကို မျက်နှာပူသောကြောင့်ပင်။ ကလေးတွေကလဲ ခြံဝန်းထဲမှာဆော့နေတာကြောင့် ကလေးတွေတစ်ခုခုမဖြစ်အောင် သူတို့စောင့်ကြည့်နိုင်ပေသည်။

သိပ်မကြာခင်တွင် ဝူမိန်နှင့်လျိုချင်တို့ပြန်ရောက်လာကြသည်။ သူတို့နောက်တွင် ရွာထဲမှ လျိုမျိုးရိုးအမည်ရှိ နယ်လှည့်ဆေးကုနေသောဆရာဝန်ပါလာသည်။ သူသည်အပြင်လူဖြစ်သည်။ ရွာထဲမှလူများကတော့ သူ့ကို သမားတော်လျိုဟုခေါ်ကြ၏။

(T/N-အပြင်လူဆိုတာက ရွှီရွာသားမဟုတ်ပဲ အခြားရွာသား/မြို့သား ကိုဆိုလိုချင်တာပါ)

ရွှီရန်နဲ့လျိုထုံတို့ ခြံထဲရပ်နေတာကိုမြင်တော့ ဝူမိန်ကမျက်မှောင်ကြုတ်ကြည့်လိုက်ကာ
"လျိုထုံ မင်းရွှီရန်ကိုဘာလို့အခန်းထဲမှာ မထိုင်ခိုင်းထားရတာလဲ? သူ့ခြေထောက်ကအကိုက်ခံထားရတာမဟုတ်ဘူးလား။ မင်းဘယ်လိုတောင်ဂရုမစိုက်ရတာလဲ!"
လျိုထုံက ပြုံးပြပြီး "စိတ်မပူပါနဲ့၊ ဒါကအကိုက်ခံရရုံလေးပါပဲ။ ဆရာဝန်နဲ့ပြလိုက်တာနဲ့ကောင်းသွားမှာပါ"

လျိုချင်က သမားတော်လျိုကိုအိမ်ထဲဖိတ်လိုက်တာ ရွှိရန်နှင့်လျိုထုံကိုလည်း အိမ်ထဲလိုက်လာဖို့ခေါ်လိုက်သည်။

လျိုထုံကရွှီရန်ကို အိမ်ထဲဝင်ရန်ကူတွဲပေးလိုက်ပြီး သမားတော်လျိုကိုမေးလိုက်သည်။ "သမားတော်လျို ကျေးဇူးပြုပြီး ရန်ကိုသေချာကြည့်ပေးပါနော်။ သူမျက်နှာကိုအရိုက်ခံခဲ့ရပြီး ပါးစပ်ထဲကလည်းသွေးတွေထွက်ခဲ့သေးတယ်။ သူ့ခြေထောက်လည်း အကိုက်ခံထားရတယ်"

သမားတော်လျိုကရွှီရန်ကို အိပ်ယာပေါ်လှဲခိုင်းလိုက်ပြီး သူ့ဒဏ်ရာကိုကြည့်ရန် ပါးစပ်ဟခိုင်းလိုက်သည်။ သူ့ပါးစပ်အတွင်းမှဒဏ်ရာကပြန်ကောင်းဖို့ခက်ခဲသော်လည်း ဖြေးဖြေးချင်းတော့ပြန်ကောင်းလာနိုင်ပါတယ်။ ကိုယ်တွင်းအပူချိန်မမြင့်ရင်တော့ အမြန်ပြန်ကောင်းလာနိုင်သည်။
(T/N-ကိုယ်တွင်းအပူချိန်မြင့်တာက အပူရှပ်တာတို့ အပူကန်တာတို့ကိုပြောတာပါ)

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now