Part-27 + Part-28 (Uni)

249 30 3
                                    

                                        Part-27

                          The Mountain-တောင်

ဒီရက်တွေက အတော်အသင့်ကံကောင်းသည့်ရက်များပင်။ ခြင်းနှစ်တောင်းအပြည့်ငရုတ်သီးတွေအပြင် ရွှီရန်က ပဲပုပ်နက်များကိုပါခြင်းအပြည့်တူးလို့ရခဲ့ပြီး အာလူးများလည်းအိတ်အပြည့်ရသေးသည်။ လျိုထုံကတောရိုင်းကောင်အနည်းငယ်ကိုလည်း ဖမ်းနိုင်ခဲ့သည်။ ပိုအရေးကြီးသည့်ကိစ္စရပ်မှာ သူကအသက်ရှင်နေသေးသည့် ဒရယ်အငယ်စားလေးကိုတွေ့ရှိခဲ့ခြင်းပင်။

ထိုဒရယ်အငယ်စားလေးက ဒီဘက်ခေတ်ကမ္ဘာမှာဆို အတော်စျေးကြီးပေးရသည်။ သူ့ခြေထောက်ကဒဏ်ရာရထားတာကြောင့် မနက်ဖြန်မနက်ထိအသက်ရှင်​နိုင်သေးသည်။ ထို့ကြောင့်ရွှီရန်က လျိုထုံကို ထိုအကောင်လေးအား မနက်ဖြန်ကျစျေးမှာသွားရောင်းဖို့ပြောလိုက်သည်။

သူတို့ကပစ္စည်းတွေအများကြီးရထားခဲ့ပြီး နောက်ကျနေပြီဖြစ်တာကြောင့် ရွှီရန်က လျိုထုံကိုပြောလိုက်သည်။
"ထုံထုံ၊ မင်းကလေးတွေကိုအိမ်အရင်ပြန်ပို့လိုက်၊ ငါကဒီမှာငါတို့ပစ္စည်းတွေကိုစောင့်ရင်းနေခဲ့မယ်။ မင်းဒီကိုနောက်တစ်ခေါက်ပြန်လာခဲ့၊ ငါနဲ့အတူပစ္စည်းတွေသယ်ပြီး အတူတူပြန်ကြမယ်"

လျိုထုံကရွှီရန်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက်ဘာမှမပြောပဲ ဒရယ်ကိုင်ကာ၊ ကလေးနှစ်ယောကိုအိမ်အရင်ပြန်ခေါ်သွားလိုက်သည်။

ကလေးနှစ်ယောက်တွင်လည်း သူတို့၏ကိုယ်ပိုင်ခြင်းသေးသေးလေးတွေရှိကြသည်။ သူတို့ရဲ့ ကျောပေါ်ကခြင်းတောင်းရဲ့ ထက်ဝက်ကျော်လောက်ကို ငရုတ်ကောင်းများ သယ်ယူနိုင်သည်။

နေဝင်နေပြီဖြစ်သော်လည်း ကောင်းကင်က မမှောင်သေးပေ။ ရွှီရန်မှာပျင်းလာသဖြင့် ပေါက်ပြားကို ထပ်ကိုင်ပြီး အာလူးများကို စတင်တူးတော့သည်။

ဤအာလူးစိုက်ခင်းကို အခြားသူများတွေ့ပါက၊ တစ်ပိုင်းတစ်စလောက်ဖြစ်ဖြစ်ရရန် ဤနေရာ၌ အလုအယက်လုပ်ကြမည်ကို သူစိုးရိမ်မိသည်။ ပြီးတော့ အဲဒါက သူတို့မိသားစုကောင်းကျိုးရဲ့ အဆုံးပင်။ ထို့ကြောင့် မြန်မြန်ဆန်ဆန် လှုပ်ရှားတာက ပိုကောင်းသည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now