Part-5 + Part-6 (Uni)

335 43 1
                                    

Part-5

Heartache (စိတ်နှလုံးပူဆွေးခြင်း)

LiuTongက ရစ်ငှက်ကိုနဲ့စွပ်ပြုတ်တစ်ခွက်ကို ချက်ပြုတ်လိုက်တယ်။ အဲ့တာက အရမ်းကြီးတဲ့စွပ်ပြုတ်ပန်းကန်ကြီးတစ်လုံးရတယ်။ ပန်းကန်တွေကိုစားပွဲပေါ်တင်ပြီးတာနဲ့ XuChengရဲ့ ကလေးနှစ်ယောက်က သူတို့ရဲ့တူတွေကိုကောက်ကိုင်လိုက်သည်။
အဲ့နောက်မှာ XuChengနဲ့ZhangYueကလဲ သူတို့ရဲ့တူတွေကို ကိုင်လိုက်တယ်။ ပြီးတော့ Xuလူကြီးနှစ်ယောက်။

XuRan၊ TangTang၊ GuoGuo နဲ့ LiuTongကတော့ ထမင်းစားပွဲတွင်ပင် မထိုင်ရသေးပေ။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ XuRanရဲ့ စိတ်ထဲတွင် အလွန်ပင်စိတ်မကောင်းဖြစ်သွားရသည်။

XuRan က သူ့ကလေးနှစ်ယောက်ကို ကိုင်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူသည် ကြက်စွပ်ပြုတ်တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး ကျွမ်းကျင်သောနည်းဖြင့် သူ့ကလေးနှစ်ယောက်၏ပန်းကန်များထဲသို့ စွပ်ပြုတ်ကို ထည့်ပေးလိုက်သည်။

"XuRan အရူး၊ မင်းကိုအသားထပ်မပေးနိုင်တော့ဘူး။ မင်းအကုန်ထည့်လိုက်ရင် အသားတွေဘယ်လိုလုပ်ကျန်တော့မှာလဲ" XuRanအသားနည်းနည်းထည့်ပြီးတော့ ZhangYueက မခံမရပ်နိုင်ဖြစ်ပြီး XuRanကိုပြောလာတယ်။
XuRanက နောက်ပြန်လှည့်ကြည့်ပြီး ပန်းကန်တွေကိုဆက်ယူနေလိုက်သည်။
ZhangYueက တစ်ခုခုဆက်ပြောဖို့ကြံလိုက်ပေမဲ့ LiuTongရဲ့ စိမ်းစိမ်းဝါးဝါးအကြည့်နဲ့ရင်ဆိုင်လိုက်ရတာကြောင့် ZhangYueက သူ့ပါးစပ်သူသာ မကျေမနပ်ဖြင့်ပိတ်ထားလိုက်ရသည်။

သက်ကြီးရွယ်အိုXu စုံတွဲသည် မျက်နှာလိုက်ကာကြည့်နေခဲ့သည်။ ZhangYueက XuRan အကြောင်း ဘာမှ မပြောဝံ့တာကိုမြင်တော့ အဖေXuက ပန်းကန်ထဲလက်လှမ်းနေတဲ့ XuRan၏တူကို ရိုက်ချလိုက်ကာ "မင်းဘာလုပ်နေတာလဲ၊ မင်းစားလည်းအသုံးမဝင်ဘူး။ မင်းစားတာကလွဲပြီး ဘာမှလည်းမလုပ်တတ်ဘူး။ တောင်ကုန်းပေါ်ကပြုတ်ကျပြီး မင်းဘာလို့မသေခဲ့တာလဲ"

XuRanက သေဆုံးသွားတဲ့(မူလ)XuRanအတွက် အလွန်စိတ်မကောင်းဖြစ်သွားရတယ်။ ကျန်မိသားစုဝင်တွေရဲ့ တုံ့ပြန်မှုပုံစံတွေကိုမြင်လိုက်ရချိန်မှာတော့ (မူလ)XuRanဟာ ဒီလိုပြောဆိုမှုတွေကို အကြိမ်ထောင်သောင်းမက နားထောင်ခဲ့ရတယ်ဆိုတာကို XuRanနားလည်လိုက်တယ်။ ဒီလိုအဖေမျိုးရှိတာ XuRanအတွက် တကယ်ကိုသနားစရာကောင်းတာပဲ။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now