Part-31 + Part-32 (Uni)

230 30 1
                                    

Part-31

Success(i)-အောင်မြင်ခြင်း

ရွှီရန်က စပ်တဲ့အစားအစာကို တအားကြိုက်သည်။ လျိုထုံလည်း အတူတူပင်။ ရွှီရန်သည် အာလူးအနည်းငယ်ကို တမင်သပ်သပ်ထပ်ပြုတ်ကာ ငရုတ်နှစ်အဆင်သင့်ဖြစ်တာစောင့်ပြီး အာလူးများကို ငံပြာရည်ထဲသို့ ထည့်မည်ဖြစ်သည်။ ရှင်းပါသည်၊ ဒီဟင်းချက်နည်းကို သူတို့ ပထမဆုံးအကြိမ်စမ်းလုပ်ကြည့်ကြည့်တာပင်။

ရွှီရန်၏ အကြံပေးချက်အတိုင်း လျိုထုံသည် ဟင်းခတ်အနှစ်များကို အိုးထဲသို့ ထည့်လိုက်သည်။ မွှေးကြိုင်သောရနံ့ကို ရပြီးနောက် ငရုတ်သီးမှုန့်ပန်းကန်လုံးထဲသို့ဆီထည့်လိုက်သည်။ ငရုတ်သီးမှုန့်ကို ဆီနဲ့လောင်းပြီး ချက်ခြင်း ရောမွှေလိုက်သည်။ တစ်ချိန်တည်းမှာပင် အစပ်အရသာ ထွက်လာသည်။

အပူချိန်လည်း ပြီးပြည့်စုံသည်။ ရွှီရန်သည် ဝါးစားပွဲဘေးတွင် အာလူးထည့်ထားပြီးသောဇလုံကို တင်ရန်မစောင့်နိုင်တော့ပေ။

ရွှီရန်သည် သစ်သားဇွန်းငယ်တစ်ချောင်းကိုယူကာ ငရုတ်နှစ်ကိုနှိုက်ပြီး အာလူးပေါ်ဆမ်းလိုက်သည်။ နီညိုရောင်ငရုတ်နှစ်၊ စိမ်ထားသော ပဲပုပ်အချို့နှင့် တွဲစားပါက အလွန်စားချင်စဖွယ် အစားအသောက်ပင်ဖြစ်သည်။

အာလူးအနည်းငယ်အေးသွားပြီးနောက် ရွှီရန်သည် ထိုဟင်းကိုမြည်းစမ်းရန် မစောင့်နိုင်တော့ပေ။

လျိုထုံသည် တစ်ဖက်တွင် ရပ်နေပြီး သူ့ကိုစိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ငရုတ်သီးနှစ်က အရမ်းစပ်တာကြောင့်၊ အာလူးတစ်လုံးလုံး စားကုန်သွားတဲ့အခါမှာတော့ ရွှီရန်၏ ပါးစပ်သည် နီရဲလာပြီး အချိန်တစ်ခဏလောက် စကားပင် မပြောနိုင်တော့တာကြောင့် လျိုထုံသည် ပို၍ပင်ထိတ်လန့်သွားခဲ့သည်။
"ရန်၊ ဘယ်လိုနေလဲ"

ရွှီရန်သည် ၎င်းကိုအရသာခံရန် ကြိုးစားဆဲဖြစ်သည်။ သူ့အမေ ချက်ထားတဲ့ ငရုပ်နှစ်ရဲ့အရသာကွက်တိကိုမစားရတာကြာပြီ။ ရွှီရန်မှာ ဒီနေ့ထိုအရသာကိုပြန်လည်မြည်းစမ်းခွင့်ရလိုက်တာကြောင့် ပျော်ရွှင်ကြည်နူးလာရသည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now