Part-33 + Part-34 (Uni)

232 33 2
                                    

                                 Part-33

                 Trouble-အနှောင့်အယှက်

ဒါပေမယ့် နောက်နေ့ ဒုက္ခရောက်မယ်လို့ သူတို့မမျှော်လင့်ထားပေ။ သူတို့ ပိုအဆင်ပြေတဲ့ဘဝမျိုး ရလိမ့်မယ်လို့ပဲ သူတွေးနေခဲ့သည်။

မိသားစုက မနက်စောစေထပြီး မနက်စာစားလိုက်သည်။ ရွှီရန်က ဒီနေ့ဝါးပြွန်ထဲ ငရုတ်နှစ်ထည့်ဖို့စီစဉ်ထားသည်။ ငရုတ်နှစ်ချက်တာ ရက်နှစ်ဆယ်ကျော်ရှိခဲ့ပြီ။

မနက်စာစားမပြီးခင်မှာပင် အပြင်တွင်တစ်ယောက်ယောက်က သူတို့ကို ဆဲဆိုကြိမ်းမောင်းပြီး အပြင်ထွက်ခိုင်းတဲ့အသံကြားလိုက်ရသည်။

ရွှီရန်ကအသံကြားသည်နှင့် ထိုသူမှာသည် အဖေကြီးရွှီဖြစ်ကြောင်း တန်းသိလိုက်သည်။

သူတို့မိသားစုထွက်လာပြီးကတည်းက ရွှီမိသားစုရဲ့ သတင်းကို သူတို့ဂရုမစိုက်ခဲ့။ ပထမအချက်ကတော့ သူတို့မှာ အလုပ်များနေပြီး အာရုံစိုက်ရန် အချိန်မရှိသောကြောင့်။ ဒုတိယအနေနဲ့ကတော့ အချိန်မဖြုန်းချင်တာကြောင့်ပေ။ ရွှီမိသားစုရဲ့ အကြောင်းကိစ္စအခြေအနေတွေနဲ့ သူတို့နဲ့ ဘာမှမဆိုင်တော့ပေမယ့် ဒီနေ့ သူတို့ဆီကို ဘာကြောင့်ရောက်လာမှန်း သူမသိပေ။

သူသည်ပြီးခဲ့သောအချိန်က နာကျင်ခဲ့ရမှုများကို မှတ်မိနေသေးသည်။ သူကဇလုံကိုချလိုက်ပြီး
"ထုံထုံ၊ ထန်ထန်နဲ့ ကော်ကော်၊ အိမ်ထဲမှာပဲနေနော်။ ငါထွက်ကြည့်လိုက်ဦးမယ်။"

"ရန်၊ ငါမင်းနဲ့လိုက်ခဲ့မယ်! မင်းတစ်ယောက်တည်းသွားမယ်ဆို ငါစိတ်ဆိုးမိလိမ့်မယ်နော်။"
လျိုထုံက ရွှီမိသားစုမကောင်းမှုတစ်ခုခုလုပ်မှာကို ကြောက်နေတာကြောင့် ရွှီရန်ကို စိုးရိမ်နေမိသည်။

ရွှီရန်က သူ့ကို ဖြေသိမ့်ပေးဖို့ လက်ကိုခပ်ဖွဖွပုတ်လိုက်ပြီး
"ထုံထုံ၊ စိတ်မပူနဲ့။ ငါကအရင်လိုအရူးမဟုတ်တော့ဘူး။ သူတို့ငါ့ကို ဒုက္ခပေးလို့မရတော့ပါဘူး။ မင်းအကူအညီလိုတာနဲ့ ငါလှမ်းခေါ်လိုက်မယ်နော်။"

"အဲ့တာလဲ ဟုတ်ပါတယ်။ ရန်၊ သတိထားနော်။"
ရွှီရန်အတွက် စိတ်ပူနေသော်လည်း လျိုထုံသည် ရွှီရန်ပြန်ကောင်းလာကတည်းက မိသားစုတွင် အရာအားလုံးကို ရွှီရန်ကိုင်တွယ်သွားသည်ကို သိထားပြီးပြီ။ အဲ့လိုသာမဟုတ်ခဲ့ရင် သူတို့ ဒုက္ခရောက်မည်ဖြစ်သည်။  ဒါကြောင့် လျိုထုံက ရွှီရန်ပြောတဲ့အတိုင်းလိုက်လုပ်ရမည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now