Part-11 + Part-12 (Uni)

275 40 1
                                    

                                       Part-11

           The Family Property-မိသားစု ပိုင်ဆိုင်မှု

ရွှီဟော်ချိုက်ရဲ့ ပုံစံကို မြင်လိုက်ရသဖြင့် ရွာသူကြီးသည် ပို၍ပင် မကျေမနပ်ဖြစ်ခဲ့ရသည်။ ဒါပေမဲ့ ဒါက မိသားစုကိစ္စမို့လို့ သိပ်အများကြီး မဝေဖန်သင့်ဘူးလေ။ ရွာလူကြီးက လျိုထုံကို "လျိုထုံ၊ မင်းသဘောကရော" လို့မေးလိုက်တယ်။

လျိုထုံသည် ဆိုးရွားသော အခြေအနေတွင် ရှိနေသော ရွှီရန်ကို ကြည့်ပြီး သူ့ကို ဖက်ထားလိုက်သည်။  သူ့ပါးစပ်ထောင့်နှင့် ခြေထောက်များမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေပြီး နာကျင်မှုကြောင့် အော်ဟစ်နေရှာသည်။ လျိုထုံက "အကုန်လုံးက ဖေဖေတို့ ဆုံးဖြတ်ရမယ့်ကိစ္စပဲ ! ဒါပေမယ့် ရွာလူကြီးက ရန်ကို ဆရာဝန်ဆီ အရင်ပို့ပေးလို့ရမလား၊ သူ အရမ်းနာကျင်မှာကို ငါစိုးရိမ်တယ်"

"ဆရာဝန်သွားပြမယ်?။ ဘာလို့ ဆရာဝန်သွားပြမှာလဲ။ ဒီသုံးစားလို့မရတဲ့ကောင်က သေသွားရင်ပိုတောင်ကောင်းသေးတယ်၊ မင်းကိုသွားခွင့်မပေးနိုင်ဘူး။"
အဘိုးကြီးရွှီက လျိုထုံပြောတာကို ကြားတာနဲ့ လှမ်းအော်လိုက်တယ်။

အဘိုးကြီးရွှီက မာဆတ်ဆတ်ပြောလိုက်ပေမဲ့ လျိုထုံက ဘာမှပြန်မပြောပေ။ သူက ရွှီရန်ကို ငုံ့ကြည့်ကာ  အဆင်ပြေစေရန် လက်ဖြင့်ပွတ်သပ်ပေးလိုက်သည်။

ရွှီရန်သည် ဒီနာကျင်မှုလောက်ကို ခံနိုင်ရည်ရှိသော်လည်း အော်ဟစ်ခြင်းကိုမရပ်ချင်ခဲ့ပေ။ ရွှီမိသားစု ဘယ်လောက် ရက်စက်ကြမ်းကြုတ်သလဲဆိုတာ ရွာလူကြီးကို မြင်စေချင်တာမို့ သူ နာကျင်နေမှန်းသိသာအောင် အော်နေလိုက်တယ်။

ရွာလူကြီးမှာ ရွှီရန်ရဲ့ အခြေအနေအတွက် အလွန်စိတ်မကောင်းဖြစ်သွားရသည်။ ဒီမိသားစုက အချင်းချင်းအရမ်းဝေးသွားပြီဆိုတာ သူသိတယ်။ ရွှီရန်က အရူးဆိုပေမဲ့ သူက ရွှီချုံရဲ့ အစ်ကိုပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုက ရွှီရန်ကို ဒီလိုနည်းနဲ့တော့ မစွန့်လွှတ်သင့်ဘူး။ ဒါပေမဲ့ ဒီဟာက မိသားစုအိမ်တွင်း ကိစ္စတစ်ခုဖြစ်လို့ သူ့အနေနဲ့ စွက်ဖက်ဖို့ မသင့်တော်ပေ။ သူက ရွာလူကြီးအဖြစ်သာ ပြဿနာကိစ္စမှာ သက်သေအဖြစ်ပဲ လုပ်ပေးနိုင်သည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now