Part-9 + Part-10 (Uni)

283 43 1
                                    

                                        Part-9

                     Being Beaten-ရိုက်နှက်ခံရခြင်း

အဖေရွှီက အမှန်တရားကိုသိသော်လည်း သူဟာရှင်းပြခြင်းမရှိပေ။ အဲဒီအစား၊ သူဟာ လျိုထုံကို ဆူပူကြိမ်းမောင်းပြီး သူတို့ကို ထားခဲ့လိုက်တယ်။  ထိုနေရာတွင် လျိုထုံသည် စကားတစ်ခွန်းမှ မပြောဘဲ ကလေးနှစ်ယောက်အတွက် စားစရာယူသွားရန် သူ့ကိုယ်သူ အာရုံစိုက်နေသည်။

ရွှီရန်မှာ ဒေါသထွက်သွားရသည်။ သူက လျိုထုံကို အရမ်း မချစ်ပေမယ့်၊ လျိုထုံဟာ ​​လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နှာခေါင်းအောက်မှာ အနိုင်ကျင့်ခံနေရသည်။
(T/N-နှာခေါင်းအောက်မှာ အနိုင်ကျင့်ခံရတယ်ဆိုတာကလေ လက်ကြောတင်းပေမဲ့ အထင်သေးပြီးအပြောအဆိုခံရတယ်ဆိုတာမျိုးဖြစ်လောက်မယ် ETranမှာက was bullied under his noseလို့ရေးထားတာပါ)

ရွှီရန်က စားပွဲမှ ထထွက်သွားပြီး မီးဖိုချောင်သို့ ပြေးသွားလိုက်သည်။ သေသွားသော ယုန်ကို ကောက်ယူပြီး ပြန်ပြေးသွားကာ ယုန်သေကောင်ကို ညစာစားပွဲပေါ်သို့ တိုက်ရိုက်ပစ်ချ၍ အစားစာများတင်ထားသော စားပွဲတစ်ခုလုံးကို ရိုက်ချပစ်လိုက်သည်။ ထိုအခါ စားပွဲပေါ်ရှိဟင်းလျာများမှာ ရုတ်တရက်ခုန်သွားပြီး စားပွဲတွင်ထိုင်နေသော သူများထံသို့ ဟင်းရည်ပက်ချလိုက်သလိုဖြစ်သွားသည်။

ထိုင်နေသောလူတွေအကုန်လုံးက မတ်တပ်ရပ်ကု ဝိုင်းကြည့်ပြီး "ခွေးမသား၊ မင်းအသက်မရှင်ချင်ဘူးလား၊ ဒီနေ့ မင်းကို သတ်ပစ်မယ်" ဟူ၍ ကျိန်ဆဲကြတော့သည်။

ဆဲဆိုနေကြချိန်တွင် ပါးပါးရွှီက ရွှီရန်ကိုရိုက်ရန် ပေါက်ပြားကို ကောက်ယူလိုက်သည်။

လျိုထုံက ကလေးနှစ်ယောက်ကို အဝေးသို့ဆွဲဖယ်လိုက်ပြီး ရွှီရန်ရှေ့တွင် သူ့ကိုယ်ခန္ဓာနှင့် ကာကွယ်ပေးရန် ပြေးသွားသည်။

သို့သော် ပေါက်ပြားသည် အလွန်လျင်မြန်စွာ ကျသွားသည်။ ရွှီရန် ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ လျိုထုံကို ထိသွားသည်။

အဲဒီနောက်မှာလည်း ပါးပါးရွှီက ရပ်ဖို့ မစဉ်းစားဘဲ နောက်တစ်ကြိမ် ထပ်ရိုက်ချင်နေခဲ့တယ်။ ရွှီရန်က ဒီထက်ပိုပြီး ရှောင်ဖယ်မနေချင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက လူအများရဲ့အမြင်မှာ အရူးတစ်ယောက်ဖြစ်နေဆဲပင်။ သူက သူ့အဖေလက်ထဲက ပေါက်ပြားကို ဟန့်တားဖို့ စားပွဲဘေးက ခွေးခြေခုံကို ကောက်ပြီး လျိုထုံကို တွန်းဖယ်လိုက်တယ်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now