4

38 4 0
                                    


Seoul,south korea
April,23

ချစ်ရတဲ့renjunသို့....

ဒီမှာနွေရာသီရောက်နေပြီအချစ်ရဲ့!အဲ့မှာကော
ဘယ်လိုနေလဲသိချင်မိတယ်။ငါထင်​တာတော့
အတူတူဘဲဖြစ်မလားလို့။ထားပါတော့ ငါတို့တွေ
တရုတ်ပြည်ကိုလာလည်ဖို့ကိုအစီစဉ်ဆွဲထားတယ်။
ဒါပေမဲ့စိတ်မကောင်းစရာကငါတို့မှာပိုက်ဆံ
မလုံလောက်ကြတာဘဲ။ကောင်လေးတွေအားလုံး
မင်းကိုလွမ်းနေကြတာလေ ငါရောဘဲပေါ့။ဒါပေမဲ့လဲ
ငါတို့တွေမင်းရဲ့အကြောင်းပြချက်ကို
နားလည်ပေးနိုင်ပါတယ်။ငါတို့အားလုံးက
မင်းကိုအများကြီးချစ်တာကိုး။ငါလဲမင်းကို
အရမ်းလွမ်းနေပေမဲ့ ပိုက်ဆံစုဖို့အတွက်အခု convenience storeတစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်။ကံ​ကောင်းလို့ ငါ့မှာကြည့်ကောင်းတဲ့မျက်နှာလေးရှိတော့
storeကိုလူတွေအများကြီးလာကြတယ်။
အထူးသဖြင့်မိန်းကလေးတွေဘဲ။သူတို့တွေက
ငါ့ကိုလိုက်ဖို့ကြိုးစားကြလို့ ငါ့မှာ သက်ဆိုင်သူရှိပြီးသားဆိုတဲ့အကြောင်းပြောပြီး
တားမြစ်ထားတယ်။ငါသူတို့ကို ငါ့မှာအရမ်းကိုမှ ကြည့်ကောင်းတဲ့ချစ်သူကောင်လေးရှိတယ်လို့ပါ
ပြောလိုက်တာ။အဲ့ဒါကြောင့်နဲ့ဝမ်းနည်းပြီး စိတ်ပျက်သွားကြတဲ့ သူတို့တွေရဲ့အကြည့်တွေကို မြင်ရတာရယ်စရာကောင်းတာဘဲ။ငါထင်တာမင်းလဲဒီကိုလာမယ်ဆိုရင် သူတို့တွေကမင်းကိုပါ ကြိုက်သွားကြမှာသေချာတယ်။ငါဒီတိုင်းဘဲ
ပြောချင်နေတာ မင်းကိုအများကြီး အများကြီး အများကြီးဘဲချစ်တယ် မင်းကအကောင်းဆုံးဘဲ။ပျော်စရာတစ်လပြည့်လေးပါအချစ်ရေ။


မင်းရဲ့သစ္စာရှိတဲ့ချစ်သူကောင်လေး
na jaeminမှ

renjunဟာစာထဲမှစကားတွေက သူ့ကိုအရမ်းဘဲ
ယုံကြည်စိတ်ချရစေတယ်လို့ခံစားရတယ်။
na jaeminကိုသူချစ်ရတဲ့ အကြောင်းပြချက်ထဲက
တစ်ခုဆိုရင်အဲ့ဒါဟာယုံကြည်စိတ်ချရလို့ဘဲ။
သူ့ရဲ့စကားတွေတိုင်းဟာယုံကြည်ရပြီး ချစ်ခြင်းမေတ္တာကိုလဲခံစားရစေတယ်။

~~~~~~~~~~~~~~~~~~~~~~~

From Home:Renmin(Myanmar translation)Where stories live. Discover now