1💛

210 28 0
                                    

Seoul,south korea
January,23

ချစ်ရတဲ့renjunသို့...

မင်းနေကောင်းရဲ့လား?အဆင်ပြေနေမယ်လို့
ငါထင်ပါတယ်။တစ်လမှာတစ်ခါဘဲ ငါစာရေးပြီး ပို့ခွင့်ရတာမို့ခက်ခဲမယ်ဆိုတာကိုသိပါတယ်။
ငါ့အနေနဲ့လဲခက်ခဲလွန်းတာဘဲ ဒါကြောင့်မို့လို့
ငါတို့နှစ်ယောက်လုံးဒီအခြေအနေကလွန်မြောက်ဖို့
မျှော်လင့်မိတယ်။ဒါနဲ့စကားမစပ် ပျော်စရာ တစ်လပြည့်လေးပါအချစ်ရေ။ငါ​မေ့နေပြီလို့
မင်းထင်နေတယ်မလား?ငါလုံးဝမမေ့ပါဘူး။
မင်းကိုစိတ်ပူအောင်လို့ငါဒါကိုမပြောပြချင်ပေမဲ့လဲ
jisungလေးကငါဒီစာကို​ရေးနေတဲ့အချိန်တုန်းက
တအားငိုနေခဲ့တာ။သူလဲမင်းကိုအများကြီး
လွမ်းနေတာ။ဒါပေမဲ့မင်းအနုပညာအတန်းကို
သဘောကျတယ်ဆိုတာသူသိတာမို့ မင်းကို
နားလည်​ပေးဖို့အတွက်သူ့ဘာသာကြိုးစားနေတယ်။
သူကငါ့ထက်တောင်ပိုငိုနေခဲ့တာပေမဲ့ အဲ့ဒါကြောင့်နဲ့
မင်းဝမ်းမနည်းနေပါနဲ့။ငါတို့တွေမင်းကိုအများကြီး
ချစ်တယ်နော်။ငါလဲမင်းကိုအများကြီးချစ်ပြီး
အရမ်းလဲလွမ်းတယ်။​နောက်ထပ်၁၁လလောက်
ကုန်သွားပြီးရင်မင်းရဲ့အတန်းလဲပြီးပြီဘဲ ငါတကယ်
မစောင့်နိုင်တော့ဘူး။donghyukက​တောင်
ပြောနေတာ "ဒီဥာဏ်များတဲ့မြေခွေးလိုကောင်လေး
ငါတို့ကိုထားသွားရက်တာကိုမုန်းလိုက်တာ ဒါပေမဲ့လဲ
သူ့အိမ်မက်တွေဆီဖြေးဖြေးချင်းလျှောက်လှမ်းနေတဲ့
အတွက်တော့တကယ်ဂုဏ်ယူတယ်"..တဲ့လေ။
ဒီကိုရီးယားမှာမနက်၂နာရီတောင်ထိုးနေပြီမို့
ူဒီစာကိုဒီနားမှာတင်ရပ်လိုက်တော့မယ်။
ငါမင်းကိုချစ်တယ်။

မင်းဘဝရဲ့အချစ်ရဆုံး,
Na Jaeminမှ..

renjunကစာကိုဖတ်ကြည့်ပြီးနောက်မှာတော့
ပြုံးလိုက်တယ်။ခုဆိုသုံးနှစ်တောင်ရှိသွားပြီပေမဲ့
သူနဲ့na jaeminကတော့ဆက်ချစ်နေကြတုန်းဘဲ။
renjunသာထိုစာလေးကိုအသာပွေ့ဖက်လိုက်ပြီး
ထပ်ပြုံးမိလိုက်တယ်။

"ငါလဲမင်းကိုချစ်တယ် အရမ်းလဲလွမ်းတယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

From Home:Renmin(Myanmar translation)Donde viven las historias. Descúbrelo ahora