8

22 3 0
                                    

Seoul,south korea
August,23

ချစ်ရတဲ့renjunသို့....

ဟေးးးးလက်ဆောင်အတွက်ကျေးဇူးအများကြီး
တင်ပါတယ်အချစ်။ကံ​ကောင်းစွာနဲ့ လက်ဆောင်ကို
မွေးနေ့ရက်အတိအကျမှာဘဲငါ့တိုက်ခန်းကို
လာပို့သွားလို့ ကောင်းကောင်းလက်ခံရရှိပြီးပြီ။
ငါအဲ့ဒါကိုငါ့အခန်းမှာဘဲသေချာချိတ်ထားမှာ။
အဲ့ဒါမှပုံကိုကြည့်မိတဲ့အခါတိုင်းငါ့အခန်းမှာ
မင်းရှိနေသလိုမျိုးအမြဲခံစားမိနေမှာလေ။
ဒီပန်းချီပုံကိုမြင်ပြီးတော့jisungလေးက
မနာလိုဖြစ်နေရှာတယ်။jisung​လေးကပြောတယ်
"hyungကိုဒီလိုပန်းချီဆွဲပေးပြီးတော့ သူဘယ်လိုများကျွန်တော့်ကိုကျ iron man ခြေအိတ်တွေကိုပေးရဲတာလဲ?ဒါပေမဲ့လဲ ရပါတယ် ကျွန်တော်iron manကိုသဘောကျတယ်"...တဲ့။
အဲ့ဒါကြောင့်နဲ့ငါတို့တွေရယ်လိုက်ရသေးတာ။
စကားမစပ် မင်းဒီကိုပြန်လာတဲ့အခါကျရင် ငါ့ရဲ့
သူငယ်ချင်းအသစ်heejinနဲ့မိတ်ဆက်ပေးအုံးမယ်။
သူကလဲပြောတယ် " နင်သူ့အကြောင်းတွေဒီလောက်
ပြောနေပုံအရဆိုသူကအရမ်းဘဲကြည့်ကောင်းပြီး
လှတယ်ထင်တယ်။renjunကိုတွေ့ချင်ပြီ"..တဲ့လေ
ငါမင်းကိုအရမ်းချစ်တယ်နော် ပြီးတော့လဲ
ပျော်စရာတစ်လပြည့်လေးပါအချစ်။

ကြည့်ကောင်းတဲ့ချစ်သူကောင်လေးရှိတဲ့
na jaeminမှ


na jaeminကအမြဲတမ်းrenjunရဲ့နှလုံးသားကို
ခိုင်မာနေစေလိမ့်မယ်။သူ့လိုချစ်သူ​ကောင်လေးမျိုး
ရှိတာကrenjunအတွက်တကယ့်ကံကောင်းမှုဘဲ။

"ငါလဲမင်းကိုဘဲအမြဲတမ်းချစ်နေမှာna jaemin"

~~~~~~~~~~~~~~~~~~~~~

From Home:Renmin(Myanmar translation)Where stories live. Discover now