9

22 3 0
                                    

Seoul,south korea
September,23

ချစ်ရတဲ့renjunသို့်...

ဟိုင်းအချစ် နောက်ဆုံးတော့ ခုSeptemberလထဲ
ရောက်နေပြီမို့ ဒီရာသီဥတုမှာ​အေးလာတာကိုလဲ
ငါခံစားရတယ်။ငါမင်းကိုအရမ်းချစ်တယ်ဆိုတာကို
မင်းသိတယ်မလား?ယုံကြည်မှုကအရေးကြီးဆုံးဘဲ
ဆိုတာကိုမင်းလဲသိပါတယ်။အထူးသဖြင့်ငါတို့ရဲ့
ခုလိုအခြေအနေမျိုးမှာပေါ့။ငါနဲ့donghyukနဲ့
ဟိုးရက်ကစကားများခဲ့ကြတယ်။ဘာလို့ဆို
ငါကမင်းနောက်ကွယ်မှာheejinနဲ့အတူရှိပြီး
မင်းကိုလိမ်နေတာလို့ သူကထင်နေတာလေ။
ဘယ်လို​တောင်အဓိပ္ပါယ်မရှိတာကြီးလဲ! ငါကမင်းနောက်ကွယ်မှာဘဲဖြစ်စေ
မင်းရှေ့မှာဘဲဖြစ်စေ ဘယ်တော့မှ မင်းကို
လိမ်ညာမှာမဟုတ်ဘူး။တကယ်လို့များ ငါတို့တွေ
အချစ်ရဲ့အပြင်ဘက်စည်းကိုလွန်သွားခဲ့မိကြရင်
ငါတို့အချင်းချင်းရိုးသားမယ်လို့ငါ့ကိုကတိပေးရမယ်
ဟုတ်ပြီလား?ခုနကအကြောင်းပြန်ပြောရရင်
ငါတို့တွေဘယ်တော့မှအတွေးမလွန်ကြရဘူး။
အဲ့ဒါကသူငါ့ကိုမယုံလို့ဖြစ်ရတာ သူ့အမှားဘဲ။
ငါမင်းကိုအများကြီးချစ်တယ် ပြီးတော့
ပျော်စရာတစ်လပြည့်လေးပါအချစ်။

မင်းရဲ့ရိုးသားမှုအရှိဆုံးချစ်သူကောင်လေး
na jaeminမှ


ဒီစာကိုဖတ်ပြီးနောက်မှာတော့ jaeminရဲ့ စကားတွေနဲ့ပက်သတ်ပြီး သူဘယ်လိုခံစားနေရမှန်း
မဖော်ပြတတ်တော့ဘူး။သူ့အ​ပေါ်ထားရှိတဲ့ jaeminရဲ့ခံစားချက်တွေကို စပြီးတော့သံသယဝင်မိလာတယ်။ heejinနဲ့ပက်သတ်ပြီးပြောလာတဲ့စာတွေမှာဆို သူတို့နှစ်ယောက်ရဲ့ခရီးလို့မဆိုသာတဲ့ ခရီးထွက်ကြတာတွေ၊အပြင်အတူတူ လျှောက်လည်ကြတာတွေ၊သူငယ်ချင်းတွေချင်း
တွေ့ကြတယ်ဆိုတာ...သူငယ်ချင်း??
(အဲ့ဒါလဲသူ့ကိုjaeminဘဲပြောတာ)
အဲ့လိုအကြောင်းအရာတွေကဘယ်တော့မှ
မရပ်တန့်သွားဘူးဘဲ။jaeminကိုသူအရမ်းချစ်ပေမဲ့
ခုလိုအကြောင်းအရာတွေများလာတော့ သူ့အနေနဲ့
အတွေးမလွန်အောင်လဲရပ်တန့်လို့မရတော့ဘူး။

~~~~~~~~~~~~~~~~~~






From Home:Renmin(Myanmar translation)Where stories live. Discover now