5💛

80 18 0
                                    

Seoul,south korea
May,23

ချစ်ရတဲ့renjunသို့..

ငါမင်းကိုပို့ပေးထားတဲ့ကြယ်တွေနဲ့ကောင်းကင်ကြီး
ပုံကိုကောကြည့်ပြီးပြီလား?ငါတို့ငါးယောက်သား
ကြယ်တွေကိုအတူကြည့်ခဲ့ကြတာ။ငါမင်းနဲ့အတူ
ကြယ်တွေကြည့်ခဲ့ကြတဲ့တစ်ခေါက်ကိုရော မင်းနဲ့အတူလုပ်ခဲ့ဖူးတဲ့အရာတိုင်းကိုပါသတိရတယ်။
ငါမင်းကိုအရမ်းလွမ်းတာဘဲ။အဲ့ဒါကိုကျော်ဖြတ်နိုင်ဖို့
ငါကြိုးစားနေပါတယ်။ရယ်စရာကောင်းတာက
jisungလေးကထပ်ငိုတာဘဲ ပိုပြီးရယ်ရတာက
ဘာလဲသိလား?ငါတို့တွေပါအတူငိုခဲ့ကြတာလေ။
သူကပြောတယ်"ဒီနေရာမှာrenjun hyungသာ
ရှိမယ်ဆိုရင်ဒီမြင်ကွင်းကိုသူအရမ်းသဘောကျမှာ
ကျွန်တော်သေချာပေါက်သိတယ်"..တဲ့။ဒါကြောင့်မို့
ကြယ်တွေနဲ့ကောင်းကင်ကြီးပုံကိုငါရိုက်ပို့လိုက်တာ
မင်းတစ်ယောက်ထဲဆိုပြီးအထီးကျန်နေမှာမျိုး
ဘယ်တော့မှမဖြစ်တော့ဘူးပေါ့။ဒီကိုအခု
မင်းပြန်လာသင့်ပြီလို့ငါပြောချင်ပေမဲ့လဲ ငါတို့က
ကမ်ဘာတစ်ခုထဲမှာအတူနေထိုင်ပြီး ငါတို့က
ကောင်းကင်ကြီးတစ်ခုထဲအောက်မှာအတူရှိပြီးတော့
ငါတို့်တွေမနက်ခင်းတိုင်းနေထွက်လာတာကိုလဲ
အတူမြင်ရပြီး ညဘက်တိုင်းလမင်းကြီးကိုလဲ
အတူတူမြင်ရတာကြောင့်မို့ ဘာပြဿနာမှမရှိဘူးလို့
ငါတွေးမိလိုက်တယ်။ငါမင်းကိုအရမ်းချစ်တာဘဲ။
ဒီစာကိုဖတ်ပြီးငါ့ကြောင့်မင်းငိုသွားခဲ့ရင်ခွင့်လွှတ်ပါ။
အာာ မင်းကကလေးလေးဘဲကို။တကယ်လို့များ
မင်းမိဘတွေကငါ့စာကိုဖတ်ပြီးမင်းငိုနေတယ်လို့
ပြောလာခဲ့ရင် ငါတုံ့ဆိုင်းမနေဘဲတရုတ်ပြည်ကို
လိုက်လာမှာနော် ဟဟ စတာပါ ငါအခုကိုငိုနေမိပြီ:/
ပျော်စရာတစ်လပြည့်လေးပါငါ့ရဲ့အချစ်

jisungလေးရဲ့အယောင်ဆောင်အဖေ
na jaeminမွ

ဒီစာကိုဖတ်ပြီးနောက်မှာတော့ သူတကယ့်ကိုဘဲ
ငိုမိသွားရတယ်။jisungလေးရဲ့သူ့ကိုလွမ်းလို့
ငိုနေတယ်ဆိုတဲ့အချက်ကြောင့်ရောပေါ့ သူတကယ်ဘဲ သူတို့တွေကိုလွမ်းမိနေပါပြီ။

"အားလုံးနဲ့အတူအပြင်ထွက်လည်ဖို့
ငါပြန်လာခဲ့ပါ့မယ်။ငါမင်းကိုချစ်တယ် ပြီးတော့
ငါတို့ရဲ့ပျော်စရာတစ်လပြည့်လေးပါအချစ်"

~~~~~~~~~~~~~~~~

From Home:Renmin(Myanmar translation)Kde žijí příběhy. Začni objevovat