12💛

234 22 0
                                    

December,24

နေ့မှရက်၊ရက်မှလ၊လမှနှစ်သို့ကူးပြောင်းသွား၏။
ဒီလိုကူးပြောင်းသွားသည်မှာလေလိုပင်မြန်သည်။
ကြောက်စရာကောင်းတဲ့လေပွေလိုမျိုးပေါ့။
အဲ့ဒါကမင်းရှာမတွေ့နိုင်တဲ့အမည်မသိတဲ့
အရာတစ်ခုခုနဲ့ကြုံတွေ့လိုက်ရသလိုဘဲဟု
renjunကတွေးမိတယ်။ "ဒီနှစ်ကတော့
ရူးလောက်စရာဘဲ"..ဟု သူမှတ်ချက်ချမိ၏။

ဒီနေ့ကခရစ်စမတ်နေ့ဆိုတာကိုတောင်
စိတ်ထဲမထားနိုင်ဘဲ သူဟာအိပ်ယာထဲလှဲနေမိသည်။
သူ့အတွက်အရေးကြီးဆုံးကjaeminဆီကစာဘဲ။
သူအရမ်းအလုပ်များနေတာကြောင့်မို့ သူ့ဆီကနေ
စာကလွဲပြီးဘာကိုမှမျှော်လင့်မထားခဲ့ပေ။
သူငယ်ချင်းတွေကိုလဲလွမ်းမိတာကြောင့်
စကားပြောဖြစ်ကြပေမဲ့လဲ ဘယ်သူမှတော့
သူ့ဆီရောက်မလာနိုင်ကြတာအမှန်ပင်။
သူဝမ်းနည်းနေတာတော့မဟုတ်ပေ တကယ်ကို
အထီးကျန်နေတာဘဲဖြစ်သည်။သူတို့ရဲ့
ပုံမှန်နေ့တွေတိုင်း အချင်းချင်းစကားပြောကြ၊
စာပို့ကြ၊video callခေါ်ကြတော့လုပ်ပေမဲ့လဲပေါ့။

"သူတို့တွေအလုပ်များနေတာဖြစ်မယ် တော်လိုက်တော့renjun ဒီနေ့ကခရစ်စမတ်လေ
အကုန်လုံးသူတို့မိသားစုနဲ့သူတို့ရှိနေကြမှာ"

သူ့မိဘတွေကိုကူညီပေးဖို့အောက်ထပ်ကို
ဆင်းလာတဲ့အခါမှာတော့ "Chenleကခုနကဘဲ
လာသွားတယ် သူကမင်းကိုလာတွေ့အုံး"..ဆိုတဲ့
သူ့မိဘတွေရဲ့စကားကြောင့် "okay"..ဟု
ပြန်ပြောရင်း အဝတ်အစားအမြန်တက်လဲပြီးနောက်
chenleကိုတွေ့ဖို့ရန်ထွက်လာခဲ့လိုက်သည်။

သူတို့တွေဆုံမိတဲ့အခါမှာတော့ အနီးနားကို
ဒီတိုင်းပတ်ပြီးလျှောက်ကြည့်ရင်း မ်က္စိထဲ
ဆွဲဆောင်မှုရှိနေတဲ့အရာတစ်ချို့ကိုဝယ်ဖြစ်ကြ၏။

"Jun မင်းpark jisungကိုသိလား?"

chenleကရုတ်တရက်ကြီးသူ့ကိုမေးလာသည်။

"သူကကိုရီးယားကငါ့သူငယ်ချင်းလေ ဘာလို့လဲ? "

"ဘာမှတော့မဟုတ်ပါဘူး သူကငါ့ဆီစာတွေ
လာပို့နေတော့ ငါ့ဖုန်းနံပါတ်ကိုပေးလိုက်တဲ့ တရားခံကမင်းဘဲလို့ ငါထင်နေတာ"

ကောင်ငယ်လေးရဲ့စကားကြောင့်
သူရယ်လိုက်မိတယ်။

" ဘာလို့လဲ? ငါ့ကိုလူဆိုးဖြစ်စေချင်နေလို့လား?
တရားခံဆိုတဲ့စကားကဆိုးတာဘဲ!"

From Home:Renmin(Myanmar translation)Waar verhalen tot leven komen. Ontdek het nu