6

28 3 0
                                    

Seoul,south korea
June,23

ချစ်ရတဲ့renjunသို့.....

ဟိုင်းအချစ် ပထမဆုံးအနေနဲ့ငါတို့ရဲ့ ပျော်စရာတစ်လပြည့်လေးပါ။ဒုတိယအနေနဲ့က
မင်းမူးလဲသွားတယ်လို့သတင်းကြားပြီးတော့ ငါမင်းကိုအရမ်းစိတ်ဆိုးနေရတယ်။အချိန်မှန်
ထမင်းစားဖို့ငါမင်းကိုမပြောဘူးလား?အချိန်မှန်
အိပ်ဖို့ကော အထူးသဖြင့် မင်းကိုယ်မင်းသေချာလေး
ဂရုစိုက်ဖို့​ကိုလေ။ငါမင်းကိုတကယ်စိတ်ဆိုးတယ်
ဒါပေမဲ့ငါ့ကိုယ်ငါဘဲပိုပြီးတော့စိတ်တိုတယ်။
မင်းကိုစောင့်ရှောက်ပြီးကူညီပေးဖို့တောင် ငါက
လာမကြည့်ပေးနိုင်ဘူး။မင်းမိဘ​တွေကတောင်
မင်းရဲ့ကျောင်းပြခန်းအတွက်ပြသမဲ့ပုံတွေကို
အနည်းဆုံး၁၀ပုံလောက်ထိဘဲဆွဲပြီးတော့
အပြီးသတ်သင့်ပြီလို့ပြောနေကြတယ်။ဒါပေါ့ မင်းရဲ့
အရည်အချင်းကိုသူတို့တွေအားလုံးကို
ပြသခွင့်ရတဲ့အတွက် ငါလဲအရမ်းဝမ်းသာပေမဲ့ မင်းကိုတော့ခုထိစိတ်ဆိုးနေတုန်းဘဲ။ငါ့လိုဘဲ
မင်းမိဘတွေလဲအရမ်းစိတ်ပူနေကြတာမို့ ငါဘာမှ
မပြောနိုင်ဘူး။မင်းအရမ်းစိတ်အားထက်သန်တာကို
ငါသိပါတယ် ဒါပေမဲ့မင်းကျန်းမာရေးကိုတော့
သေချာလေးဂရုစိုက်ရမယ် ဟုတ်ပြီလား??
ပြခန်းအတွက်ဆွဲထားတဲ့မင်းရဲ့ပန်းချီပုံတွေကို
ပို့ပေးဖို့မမေ့နဲ့နော်။ငါမင်းဆွဲထားတဲ့ပုံတွေကို
ြုကည့်ချင်တယ်။မင်းကိုလဲအများကြီးချစ်တယ်။


မင်းရဲ့စိတ်ပူနေတဲ့ချစ်သူကောင်လေး
na jaeminမှ


renjunလဲသူ့ရဲ့အ​ရေးကြီးဆုံးလူသားလေးကို
စိတ်ပူစေခဲ့မိလို့သူ့ကိုယ်သူစိတ်ဆိုးမိတာပါဘဲ။
ဒါပေမဲ့တခြားဖက်ကတွေးရင် သူ့ရဲ့ပုံဆွဲခြင်းကို
အချိန်ပေးနိုင်ခဲ့လို့ ခုဆိုjaeminဆီပုံတွေအားလုံး
ပို့ပေးလို့ရသွားပြီလေ။

~~~~~~~~~~~~~~~~~~

From Home:Renmin(Myanmar translation)Where stories live. Discover now