11💛

90 16 0
                                    

Seoul,south korea
November,23

ချစ်ရတဲ့renjunသို့....

ဟိုင်း အချစ်!ဒီတိုင်းမင်းသိထားသလိုဘဲ
ဒီနေ့ကလဲငါတို့တစ်လပြည့်နေ့လေးဆိုတာကို
ငါမှတ်မိတယ်။ငါမင်းကိုမပြောခဲ့ဘူးလား?
(မင်းတရုတ်ပြည်ကိုမသွားခင်က)တစ္လကို
တစ်ကြိမ်ဘဲမင်းဆီကိုစာရေးပို့မယ်ဆိုတာ။ပြီးတော့
ငါတကယ့်ကိုပထမဆုံးစာကို ဇန္နဝါရီလ ၂၃ရက်နေ့ကပို့ပေးခဲ့တာဟုတ်?အဲ့ဒါကဘာလို့ဆို
၂၃ကငါ့ရဲ့ကံကောင်းစေတဲ့နံပါတ်လေးဖြစ်ပြီးတော့
၂၃ရက်နေ့ကဘဲမင်းရဲ့မွေးရက်နေ့လဲဖြစ်တယ်လေ။
အထူးသဖြင့်မတ်လ၂၃ရက်နေ့က မင်းငါ့ကို
လက်ခံပေးခဲ့တာ...ငါ့ရဲ့အရာရာတိုင်းကိုပေါ့
huang renjun။ဘဝမှာတစ်ခါမှဒီလိုမျိုး
ကံကောင်းမှုမျိုးမရှိခဲ့ဖူးဘူး ဒါမင်းကြောင့်ချည်းဘဲ။
ငါနဲ့heejinကတကယ်ကိုဘာမှမဟုတ်ဘူး။ဒီတိုင်း
သူငယ်ချင်းတွေပါဘဲ။ငါ၊donghyuk၊jeno၊
Mark hyungနဲ့Jisungလဲအခုတော့ အဆင်ပြေနေကြပြီ။သူတို့တွေတောင်မှ heejinနဲ့ခေါ်ပြောနေကြပြီလေ။မင်းအပေါ်ထားရှိတဲ့
ငါ့ရဲ့ခံစားချက်တွေကိုမင်းသံသယဝင်နေမှန်း
ငါသိပါတယ်။ဘယ်သူကမှလာပြောတာမဟုတ်ပေမဲ့
(ဒီအခြေအနေမှာတစ်ယောက်ယောက်ကို
မင်းပြောမိလားမသိပေမဲ့)မင်းရဲ့တစ်ယောက်ချင်းဆီ
စာပြန်ပို့တာကိုကြည့်ပြီးငါ့ပင်ကိုယ်သိစိတ်ကိုက
မင်းဒီလိုဖြစ်နေမှန်းပြောနေတယ်။အချစ်....
မင်းရဲ့အပြုအမူနဲ့ပက်သတ်ပြီး ငါမနာကျင်ပါဘူးလို့ ပြောရင်အဲ့ဒါညာနေတာ။ပထမဆုံးအနေနဲ့
မင်းဘဝအတွက်မင်းကိုယ်တိုင်က အရမ်း
အလုပ်များနေတာမို့လို့ငါနားလည်ဖို့ကြိုးစားတယ်။
မင်းကဒီတိုင်းငါ့ရဲ့ရည်းစားဘဲမဟုတ်ဘူးrenjun။
မင်းကချာတိတ်ကလေး၊မင်းကကျောင်းသားလေး
ပြီးတော့မင်းကငါ့ရဲ့သူငယ်ချင်းဘဲ။မင်းဘဝကြီးက
ငါနဲ့ဘဲအဓိကလည်ပတ်နေတာမျိုးတော့မဟုတ်ဘူး။
ဒါပေမဲ့ တကယ်လို့ငါသာငါတို့ရဲ့ဆက်ဆံရေးမှာ
ပြောသမျှလွယ်လွယ်လိုက်ယုံပြီးနေမယ်ဆိုရင်
ငါတကယ်ကိုကျရှုံးသွားမှာဘဲ။ငါအဲ့လိုမျိုး
မကျရှုံးချင်ဘူး။ငါမင်းကိုအရမ်းဘဲချစ်တာကြောင့်မို့
ငါ့ကိုမယုံကြည်ဖြစ်နေတဲ့မင်းကိုတွေးမိတဲ့အခါ
နှလုံးသားကနာကျင်ရတယ်။ကျေးဇူးပြူပြီးတော့
အချစ် ဒီတစ်ခုတော့မျက်နှာသာပေးစမ်းပါ။
ငါ့ကိုလက်မလွှတ်လိုက်ပါနဲ့။ဒါကငါတို့ရဲ့ အဆုံးသတ်မဟုတ်ဘူး။ငါတို့ရဲ့ဒီအကြင်နာမဲ့တဲ့ ကမ်ဘာကြီးမှာတော့ ဒါကငါတို့အတွက်အစဘဲ။
"huang renjunဆိုတဲ့မင်းတစ်ယောက်ထဲက ငါ့ကောင်းကင်ကြီးရဲ့နေမင်းတစ်စင်းဘဲ"...ဆိုတာကို
အမြဲတမ်းမှတ်ထားရမယ်။ငါမင်းကို
အများကြီးချစ်တာ..အချစ်ရဲ့။

မင်းရဲ့လုံခြုံမှုရှိတဲ့နေရာနဲ့မင်းရဲ့အိမ်လေး
na jaeminမွ

renjunဟာဒီစာကိုဖတ်ပြီး အဆုံးမှာတော့ငိုတယ်။

"ငါ့အတွက်သူ့ရဲ့အချစ်တွေကိုသံသယဝင်နေမိတဲ့
အချိန်မှာတောင်မှ သူဘယ္လိုမ်ားငါ့ကို
ဆက်ချစ်နေနိုင်သေးတာလဲ?".....

သူမသဲကွဲစွာနဲ့ပြောလိုက်မိတယ်။

"မင်းကအကောင်းဆုံးတွေဘဲရသင့်တာna jaemin
ဒါကြောင့်ငါ့ကိုယ်ငါအကောင်းဆုံးဖြစ်အောင်လို့
ကြိုးစားသွားမယ်အချစ်"

~~~~~~~~~~~~~~~~~~~~

Love
********

ငါထင်တာမမှားဘူးဆိုရင်အဲ့ဒီ့မှာ
အခုကညဘက်မလား??

ဟုတ်တယ်အချစ်ရဲ့
ဘာလို့လဲ??

အပြင်ထွက်ပြီးလကိုကြည့်ကြည့်

ငါအခုဘဲကြည့်နေတာ...

လကအရမ်းလှတယ်မလား?

အင်း ငါလဲမင်းကိုချစ်တယ်..အချစ်

********

renjunရဲ့မျက်နှာပေါ်မှာအပြုံးသေးသေးလေး
တစ်ခုကငြိမ်သက်စွာဖြစ်တည်သွား၏။

"တစ်လဘဲကျန်တော့တယ် ဒါကိုဘဲ
ကျော်ဖြတ်ရတော့မှာrenjun"

~~~~~~~~~~~~~~~~~~~

From Home:Renmin(Myanmar translation)Where stories live. Discover now