Part 1

3.1K 82 5
                                    

Century' Queen

Part 1

"ဆရာ မြို့တော်ဆေးရုံကနေအခုပဲ ဖုန်းဆက်လာတယ်ဆရာ အမွှာယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက်မွေးပြီ မိခင်လဲကျန်းမာတယ်လို့သိရပါတယ်''

ဝါရှင်တန်မြို့ကြီးရှိ အထပ်မြင့် မိုးမျှော်တိုက်တစ်ခု၏ တိုက်ခန်းတစ်ခုတွင် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားသောလူလတ်ပိုင်းတစ်ဦးသည် သူ့အားနောက်ကြောပေးကာရပ်နေပြီး ဝါရှင်တန်မြို့ကြီး၏ညပိုင်းအချိန်အလှအား ဝိုင်တစ်ခွက်အရသာခံကာသောက်ရင်းကြည့်ရှုနေသူထံတင်ပြလိုက်သည်။

"အမွှာတဲ့လား"

မင်းခေတ်နှောင်းခေါ် ဂျွန် တစ်ယောက် ဝိုင်ခွက်ကိုတစ်ချက်ဝေ့ရမ်းကာသောက်လိုက်ကာတစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး အနောက်နားတွင်ရပ်နေသည့် အတွင်းရေးမှူးဖြစ်သူ မင်းစက်အာဏာအားမေးခွန်းတစ်ခုမေးလိုက်သည်။

"မနက်ဖြန် လေယာဉ်ဘယ်အချိန်လဲ"

မင်းခေတ်နှောင်းဆိုသူမှာ နာမည်အတိုင်း အစောပိုင်းစီးပွားရေးရှင်ကြီးများအနားယူသွားသည်နှင့်တစ်ပြိုင်နက် ဒုတိယမျိုးဆက်သစ်များအကြား လောဘကြီးပြီး စီးပွားရေးအကွက်မြင်ဆုံးသူတစ်ဦးဖြစ်လာခဲ့သည်။

အနောက်တိုင်းသွေးနှောတစ်ယောက်ဖြစ်သည့်အတွက်Mနိုင်ငံတွင်စီးပွားရေးအခြေချသည့်အခါမလွယ်ကူခဲ့ပါ အဆိုးဆုံးကေတာ့ Mနိုင်ငံရှိ ဟေမာန်တောင် အပန်းဖြေresortဆောက်လုပ်ရေး တင်ဒါယူသည့်အချိန်၌အခက်ခဲများစွာဖြစ်ပေါ်လာခဲ့သည်။

Mနိုင်ငံသို့လုပ်ငန်းအခြေချရာတွင်ကူညီခဲ့သော ဦးလေးဖြစ်သူ၏အကြံပေးမှု ဖြင့် လက်ရှိတင်ဒါအားလက်ကိုင်ထားသူ မြို့တော်ဝန်၏သမီးဖြစ်သူနှင့်လက်ဆက်ကာ ထိုprojectအားရယူနိုင်ခဲ့သည်။

ဇနီးဖြစ်သူနာမည်မှာ ဖူးဝင့်ဧကရီ ဟုအမည်ရပြီး လက်ထပ်ခဲ့သည့်ငါးနှစ်တာကာလအတွင်း မျက်နှာချင်းဆိုင်တွေ့ချိန်ဆိုတာခပ်ရှားရှား ။ အတူနှီးနှောဆက်ဆံချိန်ဆိုတာလက်ချိုးရီလို့ရသည်အထိပင်ထိုထဲကမှကိုယ်ဝန်ဖြစ်တည်လာခဲ့ပြီး ယခုအချိန်တွင် သူ့ထံ၌ အမွှာဟူသော သားတစ်ယောက်သမီးတစ်ယောက်ရလာခဲ့လေပြီ။

Century' QueenWhere stories live. Discover now