Part 2

998 66 4
                                    

Century' Queen

Part 2

"ဘိုး ဒီနေ့ဘယ်နှရက်နေ့လဲ"

မျဖစ္နိုင္သည့္သဘာဝလြန္ကံတရားႀကီးအားလက္ခံနိုင္ရန္သူ႕အားစိတ္ဆိုးေနသောအဘိုးဖြစ်သူအားမေးမိတော့ ဒေါသသံနှင့်တုံးတိသာပြန်ဖြေလေသည်။

"8ရက်8လ2008"

ဒါဆိုသူ့ရဲ့ပြန်လည်မွေးဖွားခြင်းကိုလက်ခံရတော့မည်။အရင်ဆုံးသူလုပ်ရမှာလက်စားချေခြင်းလဲမဟုတ် သူ၏မိဘနှစ်ပါးအား အသက်ဘေးမှကယ်တင်ရန်သာ။

"ပါးနဲ့မားရော ဘယ်မှာလဲဘိုး"

"မင်းလဲသွားတော့ သူတို့ကိုဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တယ် အခုဆိုလေဆိပ်ရောက်ကြရောပေါ့"

ကုတင်ဘေးရှိထိုင်ခုံပေါ်ထိုင်ရင်းပြောလာတဲ့အဘိုးကြောင့် ဂျွန်မြန်မြန်ဆန်ဆန်ပင် ကုတင်ဘေးစာပွဲပေါ်တွင်တင်ထားသော သူ၏ နိုင်ငံခြားဖြစ်Touchတစ်ဝက် ခလုပ်တစ်ဝက်ပါသောဖုန်းလေးအားယူလိုက်ကာ မိခင်ဖြစ်သူထံသို့ဖုန်းခေါ်လိုက်သည်။

"တူ....တူ.....တူ...."

ဖုန်းဝင်သွားသည့်အသံနှင့်အတူ ဂျွန်၏မျှော်လင့်ချက်အပိုင်းအစလေးများကလွင့်ပါနေလေသည်။

သူ့အဘိုးအသက်ရှင်နေသေးတယ် ပါးနဲ့မားအသက်ရှင်နေသေးတယ်ဆိုတာကိုလဲသူမြန်မြန်အတည်ပြုချင်မိသည်။

"Hello ဂျွန် မားမားသားလေးသတိရလာပြီလား"

"မား...."

မိခင်ဖြစ်သူ၏အသံကြားလိုက်ရသည်နှင့် ရင်ဘက်ထဲဝမ်းနည်းမှု့ကလှိုက်ကနည်းမြင့်တက်လာပြီး ပါးပြင်အထက်သို့ မစီးဆင်းတာကြာပြီဖြစ်သော ပုလဲလေးများကြွေကျလာခဲ့သည်။

"ဂျွန်သား ဘာလို့ငိုနေတာလဲ မားမားတို့ကိုသတိရလို့လား မားတို့အခုလေဆိပ်ရောက်နေပြီ ခနနေသားဆီကိုရောက်လာတော့မယ်နော်"
မျ
သားဖြစ်သူ၏ငိုကြွေးနေသောအသံကြောင့် နှောင်းသခင် ခပ်မြန်မြန်ပင်လေယာဉ်ပေါ်တက်ချင်လာခဲ့သည်။

ငယ်ငယ်ကတည်းက နာမကျန်းဖြစ်တာရှားပါးသောသူမရဲ့သားငယ်မျာ ဖျားလျှင်အကြီးကျယ်ဖျားတက်သည်။ ထိုအချိန်တွင်လူကြီးများအနားတအားကပ်တက်သောကြောင့်သူမပို၍စိုးရိမ်လာတော့သည်။

Century' QueenWhere stories live. Discover now