Part 4

704 52 6
                                    

Century' Queen

Part 4


အချိန်ခဏအတွင်း၌ ဟေမာန်တောင်ခရီးစဉ်သို့သွားရန်ရောက်ရှိလာခဲ့သည်။

ကျောင်းနှစ်ကျောင်းရှေ့တွင် bus ကားအသီးသီးရပ်နေကြပြီး အစိုးရကျောင်းနှင့်ကိုယ်ပိုင့ကျောင်းအကြားရှိကွာခြားချက်ကတော့အကြီးကြီးပင်။

တစ်ဖက်၌ aircon ပါသောလေအိတ်ကားများရပ်နေပြီး တစ်ဖက်တွင်တော့ လေဝင်လေထွက်ကောင်းသောလိုင်းကားများကတန်းစီရပ်နေကြသည်။

ကျောင်းသားများကတော့ထိုကွာခြားချက်ကိုဈတ်ထဲမထား ခရီးထွက်ရဖို့ကိုသာပျော်ရွှင်နေကြသည်။

မနက်၇နာရီအချိန်တွင် ကားများအားလုံး မြို့ပြင်သို့ဦးတည်ကာထွက်ခွာလာကြသည်။

ဖူးဝင့်တို့ကျောင်းကားများမှာ သံပြိုင်သီချင်းများဆိုခြင်း ဂိမ်းများကစားခြင်းနှင့်ပျော်ရွှင်နေကြပေမဲ့ ဂျွန်တို့ကျောင်းကားများမှာတော့တိတ်ဆိတ်နေကြသည်။

တောင်ခြေသို့ရောက်သွားသည်နှင့် လေထုမှာ မြို့ထဲနှင့်မတူလက်ဆက်ကာ စိတ်များကိုကြည်လင်သွားစေသည်။

ဖူးဝင့်မသိစိတ်မှ တစ်နေ့ကတွေ့ခဲ့သောမျက်ဝန်းစိမ်းလေးကိုတွေ့မလားဟူသည့်မျှော်လင့်ချက်နှင့် တစ်ဖက်ကျောင်းဘက်သို့မသိမသာရှာဖွေနေမိသည်။

"ဖူးဝင့် ကားမူးသေးလား"

"ကိုကြီးစိုင်းအောင်! ဟီး ဒီတစ်ခေါက်တော့မမူးဘူး"

"ဟုတ်ပါပြီ မူးတယ်ဆို ကိုကြီးက ဖူးဝင့်ကိုဆေးပေးမလို့"

အကျီအိတ်ကပ်ထဲမှ ဆေးကဒ်လေးကိုထုတ်ကာပြောလာသည့် စိုင်းအောင်ကြောင့် ဖူးဝင့်ပျော်ရွှင်သွားရသည်။

ကိုကြီးစိုင်းအောင်က တကယ်ပဲ ငါ့ကိုဂရုစိုက်တာကိုး....

စိတ်ကူးနှင့်ထပ်တူ မျက်နှာတွင်လဲအပြုံးနုနုလေးနှင့်ဖူးဝင့်ဟာချစ်ဖို့ကောင်းလှပေမဲ့ စိုင်အောင်တစ်ယောက်သူမအနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည့်စကားကြောင့် ဖူးဝင့်အသဲများအထပ်ထပ်အခါခါကွဲသွားရတော့သည်။

Century' QueenWhere stories live. Discover now