Part 12

446 32 11
                                    

Century's Queen

Part 12

တက္ကသိုလ်ကျောင်းတော်ကြီး၏ နှစ်သစ် ကျောင်းပထမဆုံးဖွင့်ရက်မှာ ပထမနှစ်ကျောင်းသား ကျောင်းသူလေးများ၏ အပြုံးလေးများနှင့် လွပကာ ပျော်စရာအတိပင်။

မေဂျာဌာနသို့သွားကာ မေဂျာစာအုပ်ထုတ်နေကြသူများလဲရှိသလို ကန်တင်းတွင် သူငယ်ချင်းစုံကာ နွရောသီပိတ်ရက်များအကြောင်းဆွေးနွေးနေသူများကလဲအများအပြားပင်။

တက္ကသိုလ်ကြီး၏ ပင်မအဆောက်အဦးကြီးအားကြည့်ကာ ဖူးဝင့် မျက်မှန်လေးအားပင့်တင်လိုက်ပြီး အသံလွှင့်ဌာနသို့ဦးတည်လိုက်သည်။

"အားလုံးပဲသာယာပျော်ရွှင်သော ကျောင်းဖွင့်ရက်လေးဖြစ်ပါ့စေလို့ အနုပညာဌာနမှ တတိယနှစ်ကျောင်းသူ ကျွန်မ ဖူးဝင့်ဧကရီမှနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်

ပထမနှစ်ကျောင်းသားများအနေဖြင့်ဦးစွာမိမိ၏မေဂျာဌာနကိုသွားရောက်ကာ ဖတ်စာအုပ်များကိုထုတ်ဖို့မမေ့ကြပါနဲ့နော်

ဒုတိယနှစ်ကျောင်းသားများကိုလဲ ကျောင်းတော်ကြီးကနေနွေးထွေးစွာပြန်လည်ကြိုဆိုပါတယ်နော်

တတိယနှစ်ကျောင်းသားများအနေနဲ့ ဂျူနီယာလေးတွေကို လက်တွဲခေါ်ကာ တို့ကျောင်းတော်ကြီးသာယာဖွင့်ဖြိုးအောင်ကြိုးစားကြပါစို့လား

နောက်ဆုံးနှစ်များအနေနှင့် ကျောင်းတော်ကြီးမှ နောက်ဆုံးနှစ်အထိတက်ရောက်လာနိုင်တဲ့အတွက် ကျောင်းတော်ကြီးမှ သင့်ကိုအမြဲတမ်း ဂုဏ်ပြုနေပါတယ်နော်"

အသံလွင့်ဌာနမှ အသံလွင့်နေသောဖူးဝင့်၏အသံမှာ ကျောင်းဝင်းအတွင်းသို့ပျံ့နှံ့နေခဲ့သည်။

ထိုနည်းအတူ ကျောင်းဝန်းအတွင်းမှ တတိယနှစ်ကျောင်းသူများမှာ ကလပ်အလိုက် ကျောင်းသားအသစ်လေးများအားကူညီနေခဲ့ကြသည်။

"ဖူးဝင့်ဒီမှာ"

ဖူးဝင့် ကန်တင်းသို့သွားလိုက်ကာ ကေ့ ရှေ့မှ အချိုရည်ခွက်အားယူကာသောက်လိုက်သည်။

"အမလေးမောလိုက်တာဟယ် ပထမနေ့ကြီးမှာ ဥက္ကဋ္ဌကငါ့ကိုအသံလွင့်ခိုင်းရတယ်လို့ ဘာမှလဲကြိုတင်မပြောထားပဲနဲ့"

You've reached the end of published parts.

⏰ Last updated: Jul 07, 2023 ⏰

Add this story to your Library to get notified about new parts!

Century' QueenWhere stories live. Discover now