Part 10

368 36 13
                                    

Century' Queen

Part 10

" ကွန်တော်တို့ရဲ့ Relife လက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခန်းအနားကိုတက်ရောက်လာကြတဲ့ လူကြီးမင်းများအားလုံးကို ပထမဦးဆုံးကွန်တော်ကျေးဇူးတင်စကားပြောချင်ပါတယ် ကွန်တော်တို့ကုမ္ပဏီဟာဆိုရင်ဖြင့် နိုင်ငံရဲ့တွင်းထွက်ရတနာစစ်စစ်တွေကို ပြည်သူတွေအားလုံးလက်ထဲဈေးသက်သက်သာသာနဲ့အရောက်ပို့ပေးမဲ့ ရည်ရွယ်ချက်ကိုဦးတည်ထားပါတယ်ဗျ ကွန်တော်တို့ကုမ္ပဏီအကြောင်းလဲများများစားစား ပြောစရာမလိုဘူးလို့ထင်ပါတယ် ဘာလို့ဆိုအားလုံးကလဲသိနေပြီးသားဆိုတော့လေ ဟားဟား"

ဦးမင်းထွန်းအရွှန်းဖောက်ကာဆိုတော့ ဧည့်သည်တော်များကလဲရီလိုက်ကြသည်။

"စကားအရှည်ကြီးပြောနေရင် အဓိကဇာတ်ဆောင်ကိုမျော်နေကြသူတွေစိတ်မရှည်မှာစိုးလို့ကျွန်တော်အခုပဲ ကျွန်တော်တို့ရဲ့အဓိကဇာတ်ဆောင်နဲ့မိတ်ဆက်ပေးပါရစေ "

ဦးမင်းထွန်းစကားဆုံးသည်နှင့် ညလိပ်ပြာအားတင်ထားသည့်မှန်ကလပ်သုံးခုနှင့်အတူ ဒေါ်နီလာဝင်းသည်ကျော့မော့စွာနှင့် စင်ပေါ်သို့တက်ရောက်လာခဲ့တော့သည်။

"အားလုံးပဲမင်္ဂလာပါ ကျွန်မတို့ Relife ရဲ့ပင်တိုင်ဒီဇိုင်နာ ဒေါ်နီလာဝင်းပဲဖြစ်ပါတယ် အခုကွန်မမိတ်ဆက်ပေးမှာကတော့ Relife ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးဒီဇိုင်းဖြစ်တဲ့ ညလိပ်ပြာ လေးပဲဖြစ်ပါတယ်"

ထို့နောက်ဒေါ်နီလာဝင်းသည်ညလိပ်ပြာတစ်ခုအားမှန်ကောင်တာထဲမှထုတ်ယူလိုက်တာ ပရိတ်သတ် များအနီးသို့ယူဆောင်သွားပြလိုက်သည်။

"ရတနာ၉ပါးစီခြယ်ထားတဲ့အပြင် အရည်သွေးမြင့်ကျောက်စိမ်းကိုပါထည့်သွင်းထားပါတယ် အခေါက်အချိုးရတဲ့အပြင် ကျောက်တွေကြွေမှာပြုတ်မှာလဲမစိုးရိမ်ရအောင် အကောင်းဆုံးရွှေသားများနဲ့စီမံထားတာပါ တစ်ခုထဲမှာတင်ဒီဇိုင်းသုံးမျိုးပြောင်းလို့ရမယ် ပြီး ပန်ဆင်လိုက်သူတို့ရဲ့အရှိန်အဝါတွေကိုလဲမြင့်မားအောင်ကူညီထောက်ပံ့ပေးမဲ့ ညလိပ်ပြာလေးပါ
ပိုပြီး ထူးခြားတဲ့အချက်က ညလိပ်ပြာနဲ့ပတ်သက်ပြီး ကျောက်ကြွေ၍ဖြစ်စေ အာမခံတစ်သက်တာ ကုမ္ပဏီကပေးထားတာပဲဖြစ်ပါတယ်"

Century' QueenWhere stories live. Discover now