Part 5

634 50 0
                                    

Century' Queen

Part 5

တောင်ပေါ်စခန်းချရာနေရာတွင် ကျောင်းခွဲထားခြင်းမရှိပဲ မိန်းကလေးတစ်ဖက်ယောကျာ်းလေးတစ်ဖက် ခွဲထားသည်။

ဘေးပတ်လည်လုံအောင်မိုးကာကြီးများဖြင့်ကာရံထားပြီး အမိုးအား ခေါင်မိုးအကြည်ဖြင့်အုပ်ထားခဲ့သည်။

၁ ၂ ၃ ၄ ဟူ၍ အဆောင်ရှိရာ အဆောင် ၁ နှင့် ၂ မှာ ယောကျာ်းဘေးအဆောင်ဖြစ်ပြီး ၃ နှင့် ၄ မှာ မိန်းကလေးအဆောင်များဖြစ်သည်။ ခရီးတွင်ပါဝင်ကြသောဆရာဆရာမများမှာ ဘုန်းကြီးကျောင်းဆောင်ပေါ်တွင်တည်းခိုကြလေသည်။

ဂျွန်တို့ကအဆောင် ၂ တွင် နေရာယူလိုက်ပြီး ဖူးဝင့်တို့ကအဆောင် ၃ တွင် နေရာယူထားကြသည်။

တောင်ခြေတွင်ရှိသော ရွာမှ ရွားသားများမှာ အစောကတည်းက တောင်ပေါ်တက်ပြီး ကျောင်းသားများစားရန်ချက်ပြုတ်ထားသည်မို့ နေ့လည်စာသည်အဆင်သင့်ဖြစ်နေခဲ့သည်။

ကြာဆံဖက်ပစ်ပစ် ကြက်သားနန်းချင်းနှင့် ကြာဆံဟင်းအိုးကြီးမှာ ဖူးဝင့်တို့ကျောင်းရှိလူများအတွက် သားရည်ကျနေစေပေမဲ့ Kingကျောင်းရှိ ကျောင်းသားများအတွက်တော့ထိုအရာအားထူးဆန်းသဖွယ်ဖြစ်နေကြသည်။

"Mira အဲ့တာဘာဟင်းကြီးလဲ"

ဆံပင်နှစ်ခွစီးကာ ဂါဝန်ပန်းရောင်လေးနှင့်ချစ်ဖို့ကောင်းသည့်ကောင်မလေးက သးမဘေးတွင်ရပ်နေသော Miraဆိုသည့်ကောင်မလေး၏လက်ကိုတွဲကာမေးလိုက်သည်။

"ငါလဲဘယ်သိမလဲ khon ရ"

"ငါတော့တစ်ခါမှမမြင်ဖူးဘူးရော် ဆီတွေကလဲအများကြီးပဲ ဆီရောသန့်ရဲ့လားမသိဘူးနော်"

"တော်တော့ Khon အများကစေတနာနဲ့ချက်နဲ့ကြတာကိုအဲ့လိုမပြောရဘူးလေ"

"Khonကအဲ့လိုသဘောမျိုးနဲ့ပြောချင်တာမဟုတ်ပါဘူး ဆီမသန့်ရင်ရောဂါဖြစ်တက်တယ်လို့ မာမီကပြောထားတယ်လေ"

နှုတ်ခမ်းလေးဆူကာတိုးတိုးလေးပြောလာသည့်Khonမှာ မင်းသမီးလေးသဖွယ်ချစ်ဖို့ကောင်းလှသည်။

ထိုအချိန်တွင် ဆရာများမှထမင်းစားရန်ခေါ်လာသဖြင့်နှစ်ယောက်သားမြန်မြန်တန်းဆီလိုက်ကြသည်။

Century' QueenTempat cerita menjadi hidup. Temukan sekarang