Part 9

1.3K 59 15
                                    

CeCentury' QuCentury' QuCentury' Queen

Part 9

စာမေးပွဲသည်တစ်လအတွင်းကျင်းပခဲ့ပြီး နှစ်သစ်ကူးမရောက်ခင် နှစ်ပါတ်အကြိုတွင်ဖြေဆိုပြီးစီးသွားခဲ့သည်။

ဂျွန် မဟော် နိုင်း နှင့် ရှိုင်းခန့်တို့ စာမေးပွဲပြီးနောက်နေ့တွင်စုကာ အလုပ်ရုံသို့လေးယောက်သားအတူတူသွားခဲ့ကြသည်။

"ဆရာ ဘယ်လိုလဲစာမေးပွဲဖြေနိုင်ခဲ့လား"

"ဟုတ် မဆိုးပါဘူး"

"ဒါနဲ့ သူတို့ကဆရာပြောတဲ့သူတွေလား"

"အင်း သူက မဟော် သူကနိုင်း သူက ရှိုင်းခန့်တဲ့ မှတ်ထားပေါ့ သူတို့သုံးယောက်ကလဲ Relifeရဲ့ ဖောင်ဒါတွေပဲ"

"ဟုတ်ကဲ့ဗျ တွေ့ရတာဝမ်းသာပါတယ်"

မဟော်တို့သုံးဦးမှာ ဂျွန်၏ဦးဆောင်မှု့မှာဤကဲ့သို့အနေအထားမျိုးထိရောက်နေကြောင်းမထင်ထားသောကြောင့်အံ့သြနေကြသည်။

"ဆရာ ဒါ နမူနာဒီဇိုင်းတွေပါ အဆင်ပြေတယ်ဆို ကျန်ဒီဇိုင်းတွေတစ်ပါတ်အတွင်းရပါမယ်"

ဒေါ်နီလာဝင်း ယူပြလာတဲ့ ဒီဇိုင်းများတွင် စိန်ထည်ဖြင့်ပြုလုပ်ထားသည့် ဘရပ္တစ္ကုံးအျခား ချယ်နားကပ် ပုံစံဆန်း လက်စွပ်တစ်ကွင်းပါဝင်ပြီး ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် လော့ကဒ်သီး လက်စွပ် နားကပ် နားစွဲများပါဝင်လေသည်။

"ဝိုး ဒီဇိုင်းတွေကအတော်လှတာပဲ ရတနာစုတဲ့ မေမေ့ထဲမှာတောင်ဒီလိုဒီဇိုင်းတွေမရှိဘူး"

ရှိုင်းခန့်အမေသည် ရုပ်ရှင်မင်းသမီးကြီးပီသစွာ သူမတွင် လက်ဝတ်ရတနာပေါင်းများစွာစုဆောင်းထားလေသည်။

"ဟုတ်တယ် ငါလဲကျောက်စိမ်းကိုငွေထည်နဲ့တွဲပြီး အခုလိုလှအောင်ပုံဖော်နိုင်တဲ့ဒီဇိုင်းပညာရှင်ကိုမတွေ့ဖူးသေးဘူး ဂျွန် မင်းတကယ့်ပညာရှင်တွေကိုရှာတွေ့ထားတာပဲ"

နိုင်းစကားအားဂျွန်ပြုံးကာထောက်ခံလိုက်တော့ ဒေါ်နီလာဝင်းသည် မနေနိုင်စွာဖြင့် ကိုယ့်ကိုကိုယ်နှိမ့်ချလာခဲ့သည်။

"ဒေါ်ဒေါ်ကအဲ့လောက်ထိမဟုတ်ပါဘူးကွယ် ဒါတွေကအရင်ကတည်းကဆွဲထားတဲ့ဒီဇိုင်းလေးတွေ ပစ္စည်းမရှိတာမို့ပုံမဖော်နိုင်ခဲ့တာ အခုဆရာနဲ့ကျမှပဲ ပုံဖော်လို့ရခဲ့တာ"

Century' QueenWhere stories live. Discover now