Century' Queen
Part 7
တူးဖော်ရေးလုပ်ငန်းသည်လျှင်မြန်စွာနှင့်စတင်ခဲ့ပြီး လုပ်ငန်းအားကြီးကြပ်ရန်အတွက် ဂျွန်ကိုယ်တိုင် အရင်ဘဝက သူ၏လက်ထောက်နီးပါးယုံကြည်ရသူအားပြန်လည်ရှာဖွေခဲ့သည်။
ထိုလူသည် ယခုလက်ရှိတွင် သတ္ထုလုပ်ငန်းအသေးစားလေးအားလုပ်ကိုင်လျက်ရှိပြီး အရင်ဘဝတွင်ထိုလုပ်ငန်းလေးဒေဝါလီခံလိုက်ရကာ ဂျွန်ကုမ္ပဏီတွင်အလုပ်လာလျောက်သူဖြစ်သည်။
သာမာန်ရပ်ကွပ်ဆီသို့သွားမည်ဖြစ်၍ဂျွန်အိမ်က ကားမယူခဲ့တော့ဘဲ လိုင်းကားဖြင့်သာ ထိုလူ့ဆီသို့သွားလိုက်သည်။
ယခုအချိန်လောက်ဆိုထိုလုပ်ငန်းမှာအကြွေးပုံထဲခေါင်းနစ်နေလောက်မည်မှာအသေချာပင်။
ဂျွန် နွမ်းပါးလှသောအလုပ်ရုံတစ်ခုရှေ့တွင်ရပ်လိုက်ပြီးအထဲသို့တစ်ချက်ကြည့်လိုက်သည်။ လုပ်ငန်းလည်ပတ်နေပေသည့် အလုပ်သမားမှာ သုံးယောက်မျှသာရှိသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲသားလေး"
အလုပ်ရုံထဲမှ အဒေါ်ကြီးတစ်ဦးသည် ဂျွန်ရပ်နေသည်ကိုတွေ့၍အထဲမှထွက်လာပြီးမေးလေသည်။
" ဦးဟိန်းမင်းထက် ရှိလားဗျ အလုပ်ကိစ္စပြောချင်လို့ပါ"
"အဒေါ်ယောကျာ်းကိုပြောတာလား သူခနအပြင်ထွက်သွားတယ်သားရဲ့ အထဲမှာဝင်စောင့်ချင်စောင့်လေ"
"ဟုတ်ကဲ့ဗျ"
ဂျွန်ယဉ်ကျေးစွာနှင့်ပြန်ဖြေလိုက်ပြီး အဒေါ်ကြီးနှင့်အတူအထဲသွားဝင်သွားလိုက်သည်။
"အဒေါ်က နီလာဝင်းပါ အဒေါ်ကလဲအမျိုးသားနဲ့အတူလုပ်တာဆိုတော့အလုပ်ကိစ္စဆိုအဒေါ့်ကိုလဲပြောလို့ရပါတယ်"
"ဟုတ် သိထားပါတယ်ဒေါ်ဒေါ် ကျွန်တော်အခုလာတာက ဒီသတ္ထုလုပ်ငန်းကိုဝယ်ချင်လို့ပါ"
"အဒေါ်တို့ဒီလုပ်ငန်းကိုပြောတာလား"
"ဟုတ်ပါတယ်ဗျ ရောင်းတော့မယ်ပြောလို့ ဘာစုံစမ်းတာပါ"
နီလာဝင်း သူမရှေ့၌ထိုင်နေသည့်ကလေးအားမသင်္ကါကြည့်လိုက်မိသည်။ သို့သော် ထိုကလေး၏အသွင်ပြင်မှာ တည်တံ့နေသည်မို့သူမလဲအလေးအနက်ထားကာစကားကိုဆိုလိုက်သည်။
YOU ARE READING
Century' Queen
RomanceUnicode ဦးလေးဖြစ်သူနဲ့ယောက္ခထီးဖြစ်သူနှစ်ဦးရဲ့ပူပေါင်းလုပ်ကြံခြင်းကိုခံလိုက်ရပြီး သေဆုံးသွားတဲ့ မင်းခေတ်နှောင်းတစ်ယောက် ပြန်လည်မွေးဖွားလာချိန်မှာ သူနဲ့အတူသေဆုံးသွားခဲ့တဲ့ ဇနီးဖြစ်သူ သူရဲ့နောက်လိုက်ညီအကိုတို့အတွက်ဘယ်လိုလက်စားပြန်ချေမလဲ။ စီးပွားရေးသ...