Century' Queen
Part 6
အပြန်လမ်းတွင် သူမရှေ့၌လျောက်နေသည့်ရိုးရိုးရှင်းရှင်းတီးရှပ်အစိမ်းနုရောင်လေးနှင့်ကောင်လေး၏ကြောပြင်ကိုကြည့်ကာ ဖူးဝင့်ခနခနကြည့်ကာပြုံးနေမိသည်။ အကြောင်းရယ်လို့မရှိ....ဒီတိုင်းသဘောတကျပြုံးနေမိယုံသာ။
"နာမည်ဘယ်လိုခေါ်လဲ"
လွတ်ခနဲထွက်သွားသည့်အမေးစကားကြောင့် ကို့ကိုယ်ကိုတောင်မယုံနိုင်ဖြစ်သွားမိသည်။
ဖူးဝင့်နင်ရူးသွားပြီလား!!!!
သို့ပေသည့်ထိုကောင်လေးသည်ပုံမှန်တိုင်းပြန်ဖြေခဲ့သည်။
"မင်းခေတ်နှောင်း"
"အော်....အကျီကိုမနက်ဖြန်ကျပြန်ပေးပါ့မယ်"
"ရတယ် ယူထားလိုက်တော့"
"အော......"
အကျီတစ်ထည်ဟာထိုသူတို့အတွက်ဘာမှမဟုတ်ကြောင်းသိလိုက်ရ၍ အနည်းငယ်သိမ်ငယ်သွားသလိုခံစားလိုက်ရသည်။
"ဒါပေမဲ့ ကျောင်းကျရင်မုန့်ဝယ်ကျွေး"
ခြေလှမ်းများကိုရပ်ကာသူမဘက်သို့လှည့်ကြည့်ပြီးပြုံးကာပြောလာသည့်ထိုကောင်လေးကြောင့်သူမမြန်မြန်ခေါင်းငြိမ့်ပြလိုက်သည်။
"အင်းအင်းဝယ်ကျွေးမယ်"
ထို့နောက် သူမတို့နှစ်ယောက်ကြား၌ပြောစရာစကားဆက်မရှိတော့ပေ။
စုရပ်သို့ပြန်လည်ရောက်ရှိသောအခါ ထိုကောင်လေးသည် သူမအားတစ်ချက်လှည့်မကြည့်ပဲ သူ့သူငယ်ချင်းများရှိရာနေရာသို့တန်းမတ်ကာလျှောက်သွားသည်။
ဖူးဝင့် ထွက်သွားသောထိုကြောပြင်အားကြည့်ရင်း ရင်ဘက်ထဲ၌တစ်ခုခုလစ်ဟာသွားသလိုခံစားမိသည်။
"ဖူးဝင့်!!!! အီး....ဟီးးးးးးးး နင်သိလား ခြုံပုတ်ထဲမှာသရဲရှိတယ်"
"သရဲကိုနောက်ထား နင့်ကိုငါအသေသတ်မယ် နင့်ကြောင့်ငါ ပစ်လဲတာ မသာမရဲ့"
"အမ်ဟုတ်သား နင်ဒဏ်ရာတွေနဲ့"
နှာဖူးရှိနီရဲနေသော ဒဏ်ရာကြီးအားကြည့်ကာ မေဟန်ပို၍အော်ငိုတော့သည်။
YOU ARE READING
Century' Queen
RomanceUnicode ဦးလေးဖြစ်သူနဲ့ယောက္ခထီးဖြစ်သူနှစ်ဦးရဲ့ပူပေါင်းလုပ်ကြံခြင်းကိုခံလိုက်ရပြီး သေဆုံးသွားတဲ့ မင်းခေတ်နှောင်းတစ်ယောက် ပြန်လည်မွေးဖွားလာချိန်မှာ သူနဲ့အတူသေဆုံးသွားခဲ့တဲ့ ဇနီးဖြစ်သူ သူရဲ့နောက်လိုက်ညီအကိုတို့အတွက်ဘယ်လိုလက်စားပြန်ချေမလဲ။ စီးပွားရေးသ...