Part 3

825 65 2
                                    

Century' Queen

Part 3

"ဟဲ့ ဖူးဝင့် နင်ဟေမာန်တောင်သွားတဲ့နေ့ကျ လှလှလေးဝတ်ခဲ့နော် နင့်ကိုကြီးပါလိုက်မယ်ကြားတယ်"

ဖူးဝင့်နှင့်မေဟန်တို့နှစ်ယောက် ထမင်းစားဆင်းချိန်တွင် တစ်ဖက်လမ်းကျောင်းဘေးရှိ စတိုးဆိုင်အသေးလေးသို့ရောက်ရှိနေကြသည်။

"သူပါတော့ ငါဘာလုပ်ရမှာလဲ သူလိုက်မယ်ဆိုတာသေရောသေချာရဲ့လား"

စိတ်မဝင်စားသလိုလုပ်နေသည့်သူငယ်ချင်းမအား တွန်းလိုက်ပြီး မေဟန် ရေခဲသေတ္တာထဲမှ ဂျယ်လီဘူးအားထုတ်ကာပြန်ဖြေလိုက်သည်။

"သေချာတာမှနော် ခုနကငါအကိုလင်းမြတ်ရဲ့စာရင်းထဲမှာသူ့နာမည်တွေ့လိုက်တယ်"

မေဟန့်စကားအဆုံး ဖူးဝင့်မျက်နှာအထက်၌ ကျေနပ်ပြုံးလေးတစ်ခုပေါ်ပေါက်လာခဲ့သည်။

"ကောင်မနော် စိတ်မဝင်စားသလိုနဲ့ဟွန့်"

"ဟားဟားဟား ဟန်ဆောင်ကြည့်တာလေ ဟားဟားဟား"

ဖူးဝင့်ရီသံကြောင့် မေဟန်ဆိုင်အတွင်းသို့ဝေ့ကြည့်လိုက်သည်။

တော်သေးတယ် လူနည်းလို့ မဟုတ်ရင် ဒီကောင်မ ဒီတစ်သက်ဘဲရမှာမဟုတ်ဘူး!

"ရီနေတာရပ်စမ်း နင်အာပြဲကြီးနဲ့ရီနေတာမရှက်ဖူးလားဟမ် လူတွေနဲ့ကို"

"ငါ့ကိုကြီးအနားမှာမရှိသေးသ၍ငါမရှက်ဘူး ဝါးဟားဟား"

"ငါလေနင့်ကိုအားမလိုအားမရဖြစ်လိုက်တာ ဘယ်တော့မှအကိုစိုင်းအောင်ကိုဖွင့်ပြောမှာလဲ"

အတည်တံ့ဆိုလာသည့်မေဟန့်စကားကြောင့် ဂျယ်လီဘူးလှမ်းယူနေသော ဖူးဝင့်လက်တို့တန့်သွားပြီးမှာ ခေါင်းကိုရမ်းကာ ခပ်တွေတွေလေးပြန်ဖြေမိသည်။

"ငါမသိဘူး ငါကြောက်တယ် ဖွင့်ပြောလိုက်မှဝေးသွားမှာကိုငါမလိုချင်ဘူး"

"အရူးမလေးနင်ကတော့တကယ်ပါပဲ"

ထို့နောက် ဖူးဝင့်တို့နှစ်ယောက်ကောင်တာတွင်ငွေရှင်းပြီး လမ်းတစ်ဖက်သို့ပြန်ကူးလာခဲ့ကြသည်။

Century' QueenNơi câu chuyện tồn tại. Hãy khám phá bây giờ