Part 8

611 57 3
                                    

Century' Queen

Part 8

တစ်နှစ်တစ်နှစ်ကုန်ဆုံးတာမြန်လွန်းလှသည် ၁၂လရာသီပွဲတော်အပြည့်ရှိလှသော  M နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်သည်လဲရောက်လာတော့မည်။ ထို့အတူ အတန်းတင်စာမေးပွဲကြီးနှင့်လဲနီကပ်လာလေပြီ။

ရာသီဥတုကဆောင်းအကုန်နွအေကူးလေးမို့ လေပြည်လေးများနှင့်နေလို့ကျောင်းလှသည်။

ဖူးဝင့် ဆောင်းတွင်းဝတ်အနွေးထည်များအားပြန်လည်သိမ်းစည်းနေစဉ် ခရီးတွင်ပါလာခဲ့သော မင်းခေတ်နှောင်း၏အကျီကိုတွေ့မိပြီး မင်းခေတ်နှောင်းအားသတိရသွားခဲ့သည်။

အကျီကိုပြန်ပေးဖို့မလိုဘူးလို့ပြောခဲ့ပေမဲ့ မုန့်ပြန်ဝယ်ကျွေးဖို့ချိန်းဆိုခဲ့သူဟာ ထိုအချိန်မှစ၍သူမနှင့်မတွေ့ဖြစ်တော့ပါ။ တစ်ဖက်ကျောင်းဘက်သို့မယောင်မလည်သွားချောင်းမိသော်လဲ အရိပ်ယောင်မျှပင်မတွေ့ခဲ့။ ဖက်တီးလေးအားမေးကြည့်သော်လဲ ကျန်တဲ့သူများနဲ့တွေ့ပြီး မင်းခေတ်နှောင်းနှင့်တော့မတွေ့ဟုဆိုသဖြင့် သူမဘာမှမတက်သာတော့ဘဲ လက်လျော့ခဲ့ရသည်။

ဖူးဝင့် အနွေးထည်အားမျက်နှာထက်၌အပ်မိတော့ ထိုလူ၏ကိုယ်သင်းနံ့ဖျော့ဖျော့အားရနေသေးသည်။ ငယ်ရွေးတဲ့အချိန်စိတ်ကစားတက်သောကြောင့်သူမ၏နှစ်သက်မှု့အားသူမအတည်မယူရဲသေးပေ။နောက်ပြီးသူက သူမနဲ့မတူ အခြားကမ္ဘာကလူ။

ကျူရှင်သွားရမည့်အချိန်နီးကပ်လာသောကြောင့်ဖူးဝင့်မြန်မြန်ဆန်ဆန် အကျီများကိုသိမ်းလိုက်ကာ မင်းခေတ်နှောင်းပေးထားသည့်အကျီကိုတော့ ရှပ်အကျီအဖြူပေါ်မှထပ်ဝတ်လိုက်ပြီး ဂျင်းဘောင်းဘီအရှည်နှင့် ဆံပင်ကိုမြောက်မြောက်စည်းကာ လွယ်အိတ်ကိုကောက်ယူလိုက်ပြီး အခန်းပြင်သို့ထွက်ခဲ့လိုက်သည်။

"ကိုကို ပြန်လာပြီလား"

"အင်း"

ဖူးဝင့်တွင် အကိုတစ်ယောက်ရှိသည်။ မြင်မြတ်ဧကရာဇ် ဟုအမည်ရသည့်ဖူးဝင့်အကိုသည် အလွန်အနေအေးပြီး စကားနည်းလှသည်။ အသားဖွေးဖြူနေကာအရပ်ရှည်ပြီးရုပ်ချောလှတဲ့ကိုကိုဟာ ဖူးဝင့်အကိုလို့ပြောလျှင်ဘယ်သူကမှမယုံ။ဒီအကြောင်းမေမေ့ကိုအမြဲပြောပေမဲ့ ပြောတိုင်းလဲအဆူခံအရိုက်ခံရမြဲသာ။

Century' QueenWhere stories live. Discover now