Description 🐹

6.4K 327 10
                                    

Title - A Filthy Rich Hamster In Apocalypse

🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး

Description

ဟမ်းစတားလေး : “ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်.. ဒါတွေအားလုံး ဒယ်ဒီ့အတွက်ပဲ.. ဝူယိလေးကလည်း ဒယ်ဒီ့အတွက်ပဲ..”

ဝူယိ (မေလတစ်ရက်နေ့) သည် ချုံချုံ (နံစော်လေး) ဟု အမည်ပြောင်ရှိသည့် ဟမ်းစတားလေးတစ်ကောင် ဖြစ်သည်။ သူ့ထံတွင် အလွန်ခံ့ညားကာ ဩဇာတိက္ကမနှင့် ပြည့်စုံသည့် ပိုင်ရှင်ဖေဖေတစ်ယောက်လည်းရှိပြီး  ဝူယိသည် ဘဝကို စိုးရိမ်ပူပန်မှုများမရှိဘဲနှင့် နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းလို့နေသည်။

သို့သော် တစ်နေ့တွင် ကမ္ဘာပေါ်၌ ဇွန်ဘီပျက်ကပ်တစ်ခု ဖြစ်ပွားလာပြီး ကမ္ဘာကြီးမှာလည်း အန္တရာယ်ရှိသည့် ကမ္ဘာပျက်ခေတ်သို့ ရောက်ရှိသွားသည်။ ဇွန်ဘီများပေါ်လာသည်နှင့်အတူ လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်များသည်လည်း ပထမဆုံးအကြိမ်အဖြစ် စွမ်းရည်များ နိုးထလာကြသည်။

ဟမ်းစတားလေးမှာ အိပ်ပျော်သွားခဲ့ပြီး နိုးလာသည့်အခါတွင် သူသည်လည်း သူ၏ဒယ်ဒီကဲ့သို့ ခြေနှစ်ချောင်းရှိသည့် သတ္တဝါမျိုး ဖြစ်လာခဲ့ပြီး သူ၏ အစာသိုလှောင်သည့် သေးငယ်လှသော ပါးနှစ်ဘက်မှာလည်း ယခုအခါ အလွန်အမင်း ကြီးထွားလာလေသည်။

ဟမ်းစတားလေးသည် ပျော်ရွှင်စွာဖြင့် လူးလှိမ့်လိုက်သည်။ ပထမဆုံး လုပ်ချင်သည့်အရာမှာ သူ၏ဒယ်ဒီအား ပြောပြလိုခြင်းပင်။

အဆုံးမဲ့သည့် ပြဿနာများအား သတ္တိရှိရှိ ရင်ဆိုင်ပြီး တောင်များကိုတက်ကာ ပင်လယ်ကို ဖြတ်ကျော်ပြီးသည့်နောက် ဟမ်းစတားလေးသည် အန္တရာယ်နှင့် ရင်ဆိုင်တွေ့နေရသည့် သူ၏ ဒယ်ဒီအား ရှာတွေ့ခဲ့ရပြီ ဖြစ်သည်။ နျဲ့ရှောင်သည် အဆင့် ၃ ဇွန်ဘီ၏ ပါးစပ်ထဲမှ ကယ်တင်ခြင်း ခံလိုက်ရသည်။

“ဒယ်ဒီ.. ပေါင်ပေါင်းက ဒယ်ဒီ့ကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ..”

နျဲ့ရှောင်မှာ အံ့အားသင့်လို့နေသည်။

“...”

ဘာတွေဖြစ်နေတာလဲ.. ရှီတန့်ပါး လား..

(ရှီတန့်ပါး ဟူသည်မှာ ဖခင်တစ်ဦး၏ ပျော်ရွှင်မှုဟု ဆိုလိုသည်။ အဓိကအားဖြင့် ယောကျ်ားတစ်ယောက်သည် နတ်ဘုရားမတစ်ပါးအား ဖမ်းစားနိုင်ခဲ့သော်လည်း ထိုနတ်ဘုရားမထံတွင် အခြားသူတစ်ဦး၏ ကိုယ်ဝန်ရှိနေသည့် အခြေအနေမျိုးတွင် လှောင်ပြောင်သည့်အနေဖြင့် အသုံးပြုကြသည်။ ထိုလူမှာ ကြံရာမရ ဖြစ်ကာနှင့် တာဝန်ယူလိုက်ရသည်။)

အခြေစိုက်စခန်းတွင် ရှိနေသူများသည် လက်ချောင်းများ ချိုးရေကာဖြင့် တွက်ချက်ကြလေသည်။

ဟိုလီရှစ်.. ငါတို့ဘော့စ်ရဲ့ စွမ်းရည်ကတော့ ၇ နှစ်အရွယ်ကတည်းက သာမန်မဟုတ်တာပဲ.. ဒီလောက်ကြီးတဲ့ ကလေးတစ်ယောက်တောင် ရှိနေပြီ..

မှတ်ချက် ။  ။ ပေါင်ပေါင်း၊ ချုံချုံ၊ နံစော်ပေါင်ပေါင်း၊ ချုံပေါင်ပေါင်း၊ ဆန်မုန့်လုံး၊ အမွေးလုံး၊ အကောင်ပေါက်၊ ပေါက်စီလုံး၊ ရှောင်ဝူယိ စသဖြင့် အားလုံးတို့သည် ဝူယိလေးအား ခေါ်ဆိုခြင်းဖြစ်ပါသည်။


[ဟဲဟဲ publish now]

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Where stories live. Discover now