🐹 အခန်း ၃၉
ဝူယိလေးက ဒယ်ဒီ့ရဲ့ သီးသန့်ပိုင်ဆိုင်မှုပါနျဲ့ရှောင် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ကုတင်အစွန်းတွင် ခြေထောက်လွှဲရင်း ပျင်းရိစွာ ထိုင်စောင့်နေသည့် ချစ်စဖွယ်ကောင်ငယ်လေးအား မြင်တွေ့လိုက်ရသည်။ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူ၏မျက်လုံးများမှာ စိတ်ပိုင်းဖြတ်မှုနှင့် ဆီလျော်သည့် အကျိုးအကြောင်းတို့ တောက်ပနေသည်။
ဟုတ်သည်။ ယခုလေးတင် သာမန်အမျိုးသားတစ်ဦးတွင် ဖြစ်ပွားတတ်သည့် ပုံမှန်ဖြစ်ပျက်မှု သဘောတရားကို တွေ့ကြုံခံစားခဲ့ရခြင်းပင်။
သူ၏ ကလေးဖြစ်သူအား လုံးဝ စားပစ်လိုက်မည် မဟုတ်။
သူ၏ နှလုံးသားထဲတွင်ပင် ထိုသို့စိတ်ကူးမျိုး လုံးဝ မတွေးခဲ့ဖူးပေ။
နျဲ့ရှောင် တိကျပြတ်သားစွာ တွေးတောပြီးနောက်တွင် အဝတ်လဲလိုက်သည်။
ရှောင်ဝူယိသည် အရေးကြီးအစည်းအဝေး ကျင်းပခဲ့သလိုပုံနှင့် ရှိနေသည့် နျဲ့ရှောင်အား ကြည့်လိုက်ပြီးနောက် နားမလည်နိုင်စွာဖြင့် ခေါင်းကလေး စောင်းလိုက်မိသည်။
သူ၏ လက်ကလေးအား ဆန့်ကာ အဝတ်ဗလာနှင့် ရှိနေဆဲဖြစ်သော နျဲ့ရှောင်၏ သန်မာတောင့်တင်းပြီး ကြွက်သားအပြည့်ရှိသည့် နောက်ကျောပြင်အား အသာပုတ်လိုက်သည်။ ထို့နောက် ကျန်နေသေးသည့် ရေစက်များအား လက်ဖြင့်သုတ်ပေးလိုက်သည်။
“ဒယ်ဒီ ရေချိုးခန်းထဲမှာ ဘာလုပ်နေတာလဲ..”
“ဝိုး. ဒယ်ဒီ့ ကြွက်သားတွေက မာနေရောပဲ..”
ရှောင်ဝူယိ၏ လွန်လွန်ကဲကဲ ထိတွေ့မှုများကြောင့် နျဲ့ရှောင်မှာ ဓာတ်လိုက်သွားသလိုပင်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး နားသံသီးလေးများပင် ရဲရဲနီလာသည်။ ကောင်ငယ်လေး၏ လက်ကလေးများအား အလျင်သလို ဆွဲဖယ်လိုက်ပြီးနောက် လေးနက်မှုအပြည့် ထင်ဟပ်နေသည့် မျက်နှာထားဖြင့် သင်ကြားလေသည်။
“နောက်ဆိုရင် အခုလိုမျိုး လျှောက်လျှောက်ထိခွင့်မရှိတော့ဘူးနော်..”