Part 180

13.6K 458 38
                                    


Chapter 87.3 ဇာတ်လိုက် : အဲတာကောင်း
မယ်ထင်တယ် ... လုပ်ကြရအောင်

သူတို့တွေ ထွက်ခွာဖို့ပြင်ဆင်နေကြချိန်မှာ
အိန်ဂျယ်အစောင့်တွေက ရှို့နှင့် တုကျဲကို
လာအကြောင်းကြားခဲ့သည် ... ဒုတိယ
အလွှာက တတိယအလွှာထက်ပိုနီးသော
ကြောင့် ‌ဒုတိယအလွှာကို အရင်သွားမယ်
ဆိုပြီးတော့ ။

တုကျဲ့ စစချင်းတော့ ဘယ်လိုမှမခံစားရ
ပေမယ့်လည်း မြို့တော်ထဲကိုဝင်ကြရန်
အဖြူရောင်တံတိုင်းကြီးကို သူတို့ဖြတ်
လာပြီးချိန်မှာတော့ စတုတ္ထအလွှာနှင့်
ဒုတိယအလွှာကြားမှာ ကွာခြားချက်အကြီး
ကြီးရှိနေမှန်း သဘောပေါက်လာခဲ့သည် ။

စတုတ္ထအလွှာက နေ့ခင်းအချိန်တွေမှာ
နံနက်အရုဏ်တတ်လို့ ဖြစ်နေတယ်ဆိုရင်
ဒုတိယအလွှာကတော့ မိုးသောက်ချိန်
မလာခင်စပ်ကြား အမှောင်မိုက်ဆုံးသော
ညချိန်ခါပင် ။

အမှောင်အင်အားစုတွေက ကောင်းကင်နဲ့
မြေပြင်ကို လွှမ်းခြုံထားခဲ့သည် ။
ကောင်းကင်ထက်ရှိနေက လမင်းကဲ့သို့
ဖြစ်နေခဲ့ရုံသာမက သူနဲ့အနီးတစ်ဝိုက်ကိုပဲ
အလင်းရောင် ဖြန့်ကျက်ပေးနေခဲ့သည် ။
သူ့ရဲ့ရထားလုံးပြတင်းပေါက်ကနေ ရံဖန်
ရံခါဆိုသလို သစ်ပင်သေတွေကို သူ တွေ့
နေရသည် ။ ထိုကဲ့သို့သော မြင်ကွင်းကို
မြင်တွေ့နေရ၍ တုကျဲ့ရဲ့ အသက်ရှုသံက
တဖြည်းဖြည်းခြင်း ပူပန် ထိတ်လန့်မှုတွေ
ဖြင့် လေးလံလို့လာခဲ့သည် .... ဒီလိုနေရာ
မျိုးမှာ လူတွေတကယ်ပဲ နေထိုင်နိုင်ကြ
ရဲ့လား ?

လမ်းကိုမြင်နိုင်ဖို့ရာအတွက် ရထားလုံး။အစောင့်တွေက အမှောင်ထုကိုဖြိုခွင်းဖို့ရန်
အလင်းဂါထာကို မန်းမှုတ်လိုက်ကြသည် ။
ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေခဲ့
သော တုကျဲ ရုတ်တရက်ဆိုသလို အရိပ်
တချို့ဖြတ်ပြေးသွားတာကို တွေ့လိုက်ရ၍
သူ ပိုပြီးတော့ရှင်းရှင်းလင်းလင်း မြင်ရရန်
ခေါင်းကိုအပြင်သို့ ပိုထွက်လိုက်သည် ။
အမှောင်ထုထဲကနေ ကျောက်တုံးတွေပေါ်
နင်းလျှောက်သွားသော ခြေသံတွေထွက်
ပေါ်လာခဲ့ကာ တစ်စုံတစ်ခုကို ဝတ်ရုံစတွေ
ပွတ်တိုက်သွားသည့် အသံတွေရောပင် ။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now