Part 183

1.2K 306 11
                                    

Chapter 88.3 - ဇာတ်လိုက် : ကိုယ့်ကို
ယုံလား?

Archonရဲ့လူတွေက အရာရှိနှစ်ယောက်
ကို စောင့်ကြည့်နေခဲ့ကြကာ သူတို့စကား
ပြောလို့ ပြီးသွားကြောင်းတွေ့တော့ ...
မှော်ဆရာတွေထဲက တစ်ယောက်က ရှို့
ကို နောက်ထပ်ညွှန်ကြားပေးဖို့ရာအတွက်
အမေးပြုလာခဲ့သည် ။

" အရှင် .... ကျွန်ုပ်တို့ ပြန်ကြရတော့မလား
ဒါမှမဟုတ် ဆက်သွားကြရမလား ?"

အလင်းအင်အားစုတွေကို စုဆောင်းတဲ့
ဂါထာက တစ်နေရာတည်းမှာ အချိန်တို
အတွင်း ထပ်အသုံးပြု၍ မရတာမို့ အီရစ်ခ်
ကယ်တင်လိုက်သည့် မြို့ကို ရှို့ တစ်ချက်ကြည့်လိုက်ပြီးနောက် စစ်သားတွေကို
နောက်တစ်နေရာဆက်သွားဖို့ အမိန့်ပေး
လိုက်သည် ။

အီရစ်ခ်က သူတို့နောက်ကို ဆက်လိုက်လာ
ခဲ့ပြီး ... တစ်ခါစည်းကြပ်လို့ပြီးတိုင်းမှာ
သူ့ရဲ့ အလင်းအတောင်ပံတွေကို သုံး၍
အမှောင်ထုကို မောင်းထုတ်ခဲ့သည် ။ ရှို့ရဲ့
စိတ်အခြေအနေ ဆိုးသထက်ဆိုးလာတာ
ကို တုကျဲ့ ခံစားလို့ရနေသည် ။ ရှို့ရဲ့
လုပ်ရပ်တွေကို အီရစ်ခ် မတားဆီးနိုင်
သလိုပဲ အီရစ်ခ်က သူ့ကိုကန့်လန့်တိုက်နေ
ခြင်းအား ရှို့ မတားဆီးနိုင်ပေ ။

အီရစ်ခ်ရဲ့ လုပ်ရပ်တွေက ရှို့ကို ဒေါသ
ထွက်စေရုံသာမကပဲ သူ့ရဲ့အကြံအစည်
ကိုပါ နှောင့်နှေးစေခဲ့သည် ။ သာမန်
ပြည်သူတွေကို ကယ်တင်နေသော အီရစ်ခ်
၏လုပ်ရပ်က ... ကောင်းကင်ဘုံ၏
ကိုယ်စားပြုတွေကို မုန်းတီးနေကြသော
ပြည်သူတွေအား သူတို့ကို ကျေးဇူးတင်
လာစေခဲ့သည် ... အထူးသဖြင့် အီရစ်ခ်
ကိုပေါ့ ။

" ချွင် -"

သူ့အရှေ့မှာရှိသော စစ်သားတွေက
ရုတ်တရက် တိုက်ခိုက်လာသောကြောင့်
တစ်အုပ်စုလုံး တုံ့ခနဲ့ ရပ်သွားခဲ့ရသည် ။
သွေးရဲ့သံဓာတ်အနံ့ကို တုကျဲ့ ရနေခဲ့
သည် ။ မှော်ဆရာတစ်ယောက်ကို သယ်
ပြီးပြေးလာနေကြသော စစ်သား
နှစ်ယောက်ကို သူ တွေ့လိုက်ရသည် ။
မှော်ဆရာ၏လည်ပင်းမှာ မြားတစ်စင်း
စိုက်ဝင်နေခဲ့သည် ... ကြည့်ရတာ အပစ်ခံ
ပြီးတော့ သေသွားသည့်ပုံပင် ။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now