Part 197

1.4K 309 6
                                    


ဇာတ်သိမ်းပိုင်း : စာဖတ်သူနှင့်အဓိကဇာတ်ဆောင်က အချစ်စစ်နှင့်ချစ်သွားခဲ့ကြသည်။

တစ် တော့ ... တစ် တော့

ထိုဟာက နာရီ၏မြည်သံပင်။ သူ့အခန်းထဲမှာ ချိတ်ထားသော နာရီက အမြဲလိုလို အဆင်မပြေမှု အနည်းငယ်ရှိတတ်သည်။ သူနှိုးစက်ချလိုက်တိုင်းမှာ... နာရီသံက အလွန်ကို ကျယ်လောင်လာလေ့ရှိ၏။

တုကျဲ့ နာရီကို စိုက်ကြည့်လိုက်သည်။ Doujinshi က သူ့အခန်းထဲမှာ ပြုတ်ကျနေခဲ့ပြီး ... ဖော်ပြ၍မစွမ်းသာသော ထူးဆန်းသည့်ခံစားချက်တစ်ခုကို တုကျဲ့တစ်ယောက် ခံစားနေရသည်။

သူ တကယ်ကြီး ပြန်ရောက်လာတာပဲ။

နာရီလက်တံများက ရွေ့လျားနေခဲ့သည်။ အချိန်တွေဘယ်လောက်တောင် ကုန်သွားလား မသွားလားဆိုတာကို သူနာရီကိုကြည့်နေသော်လည်း မပြောနိုင်ခဲ့ပေ ... ထိုလောကထဲမှာ သူတွေ့ကြုံခံစားခဲ့ရသည့် အဖြစ်အပျက်များအားလုံးက အခုချိန်မှာ စိတ်ကူးယဉ်ဆန်နေခဲ့သည်။ တုကျဲ့ သူ့ကွန်ပျူတာရှိရာဆီသို့ လျှောက်သွားလိုက်သည်။ သူ‌၏ခေါင်းထဲမှာ ဘာအတွေးမှရှိ‌မနေခဲ့ပေ... သူ့ပုံစံက ထည့်သွင်းထားသော ပရိုဂရမ်ပေါ်လိုက်ပြီး လှုပ်ရှားနေသော စက်ရုပ်တစ်ရုပ်နှင့်သွားတူနေခဲ့သည်။

သူ "Mixed Blood"၏ စာမျက်နှာကို ဖွင့်လိုက်သည်။ စာမျက်နှာ၏အောက်ဆုံးမှာ "နောက်ဆုံးတင်ထားသည်"ဆိုတဲ့စာတန်းရှိနေခဲ့ပြီး ... ထိုဟာကလည်း ရှို့က ကောင်းကင်မြို့တော်ကို တိုက်ခိုက်ပြီးတော့ ပင်လယ်ထဲကို ပြုတ်ကျသွားကာ ... သေသလား ရှင်သလား မသိရသေးသော အပိုင်းမှာပဲ ရှိနေဆဲဖြစ်သည်။ ကွန်ပျူတာ၏ရက်စွဲမှာ သည်ကနေ့က ကမ္ဘာမပျက်ခင် တစ်ရက်အလိုမှာပဲ ရှိနေသေးကြောင်း ပြနေခဲ့သည်။

ဘာမှမပြောင်းလဲသွားခဲ့သလိုပင်။

ဇာတ်လိုက်က ဇာတ်လိုက်ဖြစ်နေဆဲဖြစ်ပြီး စာဖတ်သူကလည်း စာဖတ်သူဖြစ်နေဆဲပင်။

နောက်ဆုံးတင်ထားသော အပိုင်းအောက်က ကောမန့်တွေကို တုကျဲ့ဖတ်လိုက်သည်။ များစွာသောစာဖတ်သူများက ဤအပိုင်းပြီးလျှင် ဇာတ်လိုက်က ဘယ်လိုစွန့်စားစရာများနှင့်ကြုံတွေ့နိုင်လောက်လဲဆိုတာကို ခန့်မှန်းတွက်ဆနေခဲ့ကြသည်။ တစ်ယောက်ကမှ ဇာတ်လိုက်ကို အမှန်တကယ် သေသွားပြီဟု မတွေးခဲ့ကြချေ။ တုကျဲ့ က ကောမန့်များကို လိုက်ကြည့်ရင်းနှင့် နာကျင်မှုတွေရဲ့အလယ်မှာ စိုးစဉ်းမျှသော ဂုဏ်ယူမှုတစ်ချို့ကို ခံစားလိုက်ရ၏။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now