Part 188

1.1K 284 9
                                    

Chapter 90.2 – ဇာတ်လိုက် : သူ့မှာ ဓလေ့ထုံးတမ်းတွေကို ဖောက်ဖျက်ရှင်းလင်းတဲ့
special skill တွေရှိတယ်။

ရေချယ်နဲ့ တခြားသူတွေက ကွင်းဆင်းတဲ့
ခရီးစဉ်ကို မလိုက်ခဲ့၍သောကြောင့် ကျိုး
ပျက်နေသော အတောင်ပံသင်္ကေတရဲ့
အရေးပါမှုကို မသိကြပေ ။ မည်သို့ပင်
ဆိုစေကာမူ ... ရန်မူပြီး မဖော်ရွေသော
မျက်နှာထားတွေနှင့် အိန်ဂျယ်တွေ ဘက်
ပေါင်းစုံကနေ သူတို့ဆီ ထွက်လာကြတာ
ကို မြင်ချိန်မှာတော့ သူတို့တိုက်ပွဲဝင်ဖို့ရန်
အသင့်ပြင်လိုက်ကြသည်။ 

တိုက်ခိုက်ခြင်းကို တားမြစ်ထားသော
ကြောင့် ... အိန်ဂျယ်စစ်တပ် ရောက်လာဖို့
ရာအတွက် အချိန်ယူရဦးမှာဖြစ်သည် ။
တုကျဲ့ မျောလွင့်နေသောဂိတ်ကို မော့
ကြည့်လိုက်သည် ။ အိန်ဂျယ်တွေ ရောက်မ
လာကြသေးခင်မှာ သူတို့တွေ ဂိတ်ကိုဖြတ်
ကျော်ဖို့ရာအတွက် နည်းလမ်းရှာကြရမှာ
ဖြစ်သည် ။

သူတို့ရဲ့ ပြဿနာကလည်း အိန်ဂျယ်တွေ
နှင့် အတူတူပင် ... တိုက်ခိုက်ခြင်းကို တား
မြစ်ထားသည့်အတွက် သူတို့ရဲ့အထက်
10 မီတာလောက်မှာရှိနေသော တံခါးကြီး
ဆီ ရောက်ဖို့ရာတောင်မဖြစ်နိုင်ပေ ... ဖွင့်
ဖို့ဆိုတာ ပြောမနေနဲ့တော့ပင် ။

ထိုအတွေးက တုကျဲ့ကို ဘေးပတ်ဝန်းကျင်
ဆီ စူးစမ်းကြည့်မိစေခဲ့ပြီး သူ့ခြေထောက်
အောက်က ယဇ်ပလ္လင်ကို မြင်လိုက်ချိန်မှာ
သူ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို
သတိရသွားခဲ့သည် ... ထိုအရာကတော့
တိုင်တန်ကြီးပင် !

ကြောင်လိမ်လှေကားကို တိုင်တန်ကြီးအား
ပတ်၍ တည်ထားခဲ့တာဖြစ်ပြီး ... ယဇ်
ပလ္လင်ကိုလည်း တိုင်တန်ကြီးက ပင့်မထား
ရတာပင် ။ နတ်ဘုရားမျှော်စင်က သူတို့ကို
တိုင်တန်ကြီးကို သူရဲ့ချိန်းကြိုးတွေဆီက
နေ လွှတ်ပေးပြီးတော့ တံခါးကြီးကို ဖွင့်
လို့ရကြောင်း ထင်ထင်ရှားရှားကြီးကို အရိပ်အမြွက် ပေးခဲ့တာပင်ဖြစ်သည် ။

သူ့ရဲ့ အတွေးတွေကို ချစ်စရာသခင်လေး
ဆီ ရှင်းပြဖို့ရာအတွက် တုကျဲ့ အားတက်
သရော ရှို့ကို လှည့်ကြည်လိုက်‌သည် ...
အမ် ?

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now