Part 192

1.2K 333 31
                                    


Reader: ဒီကမ္ဘာကြီးက ဝတ္ထုတစ်ပုဒ်ပဲ

တုကျဲရဲ့ ငြိမ်သက်မှုက ဖန်တီးမှု နတ်ဘုရား ကို ဝမ်းမြောက်သွားစေခဲ့သည်။ နောက်ဆုံးတော့ ထိုယောက်ျားက သူ့ရဲ့နေရာကို သိသွားပြီပဲ ။ သူတို့နှစ်ယောက်က ဘယ်တုန်း ကမှ ရန်သူတွေမဟုတ်ခဲ့ပေ ... အမြဲတမ်းလိုလို တစ်ဖက်တည်းမှာရှိနေခဲ့ကြသည့်သူတွေပင်။

"အသင်က ဒီလောကကြီးထက်ကို ပိုမြင့်မြတ်တဲ့ တည်ရှိမှုပဲ။ သေချာပေါက်ကို ဒီလောကကြီးရဲ့ "စည်းမျဉ်းတွေ" အပေါ် လိုက်နာစရာအကြောင်းမရှိဘူး။ ဒါကြောင့်မို့ အသင့်ကို ဒီလောကထဲကို ခေါ်နိုင်ဖို့ နည်းလမ်းရှာရတာက ... ကျွန်ုပ်အတွက် သိပ်ပြီးတော့ ပြဿနာမရှိခဲ့ဘူး ... အနည်းဆုံးတော့ အဲဒီ့သူကို သတ်ရတာထက်စာရင် ပိုပြီးတော့ ရိုးရှင်းတာပေါ့ ။"

"ကျွန်ုပ် "ထိုအရာ"ရဲ့တည်ရှိမှုကို ကျွန်ုပ် ရှာဖွေတွေ့ရှိပြီးချိန်မှာ အသင်နေထိုင်တဲ့ ပိုမြင့်မြတ်တဲ့ဘုံဆီသွားဖို့ ကျွန်ုပ်ကြိုးပမ်းခဲ့တယ် ဒါပေမဲ့ ကျွန်ုပ်မှာ အဲဒီ့ကိုသွားနိုင်ဖို့ အရည်အချင်းမပြည့်မှီတဲ့ပုံပဲ။ ဒါကြောင့် ကျွန်ုပ် ချည်းကပ်နည်းပြောင်းခဲ့တယ်။ ပိုပြီးတော့မြင့်မြတ်တဲ့နေရာကို ကျွန်ုပ် မသွားနိုင်ရင် ... အဲဒီ့‌နေရာက တစ်ယောက်ယောက်ကို ခေါ်လိုက်ရုံပေါ့ ။ အဲဒီ့အချိန်ကနေစပြီး ကျွန်ုပ် မြင့်မြတ်‌တဲ့ဘုံကလူတွေကို ဘယ်လိုဆင့်ခေါ်ရမလဲဆိုတာ လေ့လာခဲ့တယ်။ ကျွန်ုပ် နှစ်သန်းပေါင်းရာနဲ့ချီအောင် လေ့လာခဲ့ရပြီးမှ ဆင့်ခေါ်ခြင်းအစီအရင်ကို လုပ်နိုင်တယ်ဆိုရုံလေး လုပ်နိုင်ခဲ့တယ်။ အဲတာက အလုပ်ဖြစ်လာလိမ့်မယ်လို့ ကျွန်ုပ် မထင်ထားခဲ့ဘူး"

တုကျဲတစ်ယောက် ကြက်သေသေနေမိ၏။ သူ့မှာ အင်အားရော ပြောစရာ‌စကားရော မရှိတော့ပေ။ သူလုပ်နိုင်သမျှက ဖန်တီးမှုနတ်ဘုရားက ပြောပြလာခဲ့သော ဆင့်ခေါ်ခြင်းဖြစ်စဉ်ကို နားထောင်နေရုံသာပင်ဖြစ်သည်။

" နောက်တော့ ကျွန်ုပ် ဆင့်ခေါ်မန္တန်အတွက် အရာကိုရွေးချယ်ခဲ့တယ်။ "ထိုအရာ" က ရှို့ကို အနှိုင်းမဲ့နတ်ဘုရားအဖြစ် ဖန်တီးချင်နေတာမို့လို့ "ထိုအရာ"ကိုတော့ ကျွန်ုပ် ဆင့်ခေါ်လို့မဖြစ်ဘူး။ ဒါ့အပြင်ကို "ထိုအရာ"က ဒီလောကကြီးရဲ့အရှင်သခင်ဖြစ်‌တာကြောင့် ဆင့်ခေါ်မယ့်အရာက "ထိုအရာ"သာဆိုရင် ကျရှုံးဖို့အခွင့်အလမ်းက အရမ်းများတယ်။"

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now