Chapter 87.3 ဇာတ်လိုက် : အဲတာကောင်း
မယ်ထင်တယ် ... လုပ်ကြရအောင်သူတို့တွေ ထွက်ခွာဖို့ပြင်ဆင်နေကြချိန်မှာ
အိန်ဂျယ်အစောင့်တွေက ရှို့နှင့် တုကျဲကို
လာအကြောင်းကြားခဲ့သည် ... ဒုတိယ
အလွှာက တတိယအလွှာထက်ပိုနီးသော
ကြောင့် ဒုတိယအလွှာကို အရင်သွားမယ်
ဆိုပြီးတော့ ။တုကျဲ့ စစချင်းတော့ ဘယ်လိုမှမခံစားရ
ပေမယ့်လည်း မြို့တော်ထဲကိုဝင်ကြရန်
အဖြူရောင်တံတိုင်းကြီးကို သူတို့ဖြတ်
လာပြီးချိန်မှာတော့ စတုတ္ထအလွှာနှင့်
ဒုတိယအလွှာကြားမှာ ကွာခြားချက်အကြီး
ကြီးရှိနေမှန်း သဘောပေါက်လာခဲ့သည် ။စတုတ္ထအလွှာက နေ့ခင်းအချိန်တွေမှာ
နံနက်အရုဏ်တတ်လို့ ဖြစ်နေတယ်ဆိုရင်
ဒုတိယအလွှာကတော့ မိုးသောက်ချိန်
မလာခင်စပ်ကြား အမှောင်မိုက်ဆုံးသော
ညချိန်ခါပင် ။အမှောင်အင်အားစုတွေက ကောင်းကင်နဲ့
မြေပြင်ကို လွှမ်းခြုံထားခဲ့သည် ။
ကောင်းကင်ထက်ရှိနေက လမင်းကဲ့သို့
ဖြစ်နေခဲ့ရုံသာမက သူနဲ့အနီးတစ်ဝိုက်ကိုပဲ
အလင်းရောင် ဖြန့်ကျက်ပေးနေခဲ့သည် ။
သူ့ရဲ့ရထားလုံးပြတင်းပေါက်ကနေ ရံဖန်
ရံခါဆိုသလို သစ်ပင်သေတွေကို သူ တွေ့
နေရသည် ။ ထိုကဲ့သို့သော မြင်ကွင်းကို
မြင်တွေ့နေရ၍ တုကျဲ့ရဲ့ အသက်ရှုသံက
တဖြည်းဖြည်းခြင်း ပူပန် ထိတ်လန့်မှုတွေ
ဖြင့် လေးလံလို့လာခဲ့သည် .... ဒီလိုနေရာ
မျိုးမှာ လူတွေတကယ်ပဲ နေထိုင်နိုင်ကြ
ရဲ့လား ?လမ်းကိုမြင်နိုင်ဖို့ရာအတွက် ရထားလုံး။အစောင့်တွေက အမှောင်ထုကိုဖြိုခွင်းဖို့ရန်
အလင်းဂါထာကို မန်းမှုတ်လိုက်ကြသည် ။
ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေခဲ့
သော တုကျဲ ရုတ်တရက်ဆိုသလို အရိပ်
တချို့ဖြတ်ပြေးသွားတာကို တွေ့လိုက်ရ၍
သူ ပိုပြီးတော့ရှင်းရှင်းလင်းလင်း မြင်ရရန်
ခေါင်းကိုအပြင်သို့ ပိုထွက်လိုက်သည် ။
အမှောင်ထုထဲကနေ ကျောက်တုံးတွေပေါ်
နင်းလျှောက်သွားသော ခြေသံတွေထွက်
ပေါ်လာခဲ့ကာ တစ်စုံတစ်ခုကို ဝတ်ရုံစတွေ
ပွတ်တိုက်သွားသည့် အသံတွေရောပင် ။
YOU ARE READING
RomanceTitle: The Reader and Protagonist Definitely Have to Be in True Love Chinese Title: 读者和主角绝逼是真爱 Proposed Fan Title: Reader + Protagonist Author: 颓 Genres: Fantasy, Romance, Comedy, Action, BL (Got a permission from Eng translator, give all credit to...