Part 195

1.1K 283 2
                                    


Reader: မင်း နတ်ဘုရားဖြစ်လာတာကို မြင်ချင်တယ်။

ရှို့က သူ၏ဓားကိုသုံးပြီး ဖန်တီးမှုနတ်ဘုရားက သူ့ဆီကိုပစ်လွှတ်လာသော မြားကို တားဆီးလိုက်သည်။ လျှပ်စီးမှော်က အပင်မှော်၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ရှို့က သူ့အတောင်ပံများကို ဖြန့်ပြီးတော့ နတ်ဘုရားရှိရာဆီ ပျံသန်းဖို့လုပ်လိုက်သော်လည်း ရန်သူက သူ၏မြားတို့ကို့ သုံးပြီးတော့ ရှို့၏လှုပ်ရှားမှုများကို ချုပ်ထိန်းနေခဲ့၏။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးက ခြေတစ်လှမ်းစာလောက်သာ နီးကပ်သွားခဲ့သည်။

ရှို့က ဖန်တီးရှင်ဆီ မရောက်‌သေးခင်မှာပဲ သူတို့၏အောက်ခြေရှိ တိုက်ပွဲက အဆုံးသတ်သွားခဲ့သည်။ ကြည်လင်နေ‌သော ခရစ်စတယ်ကြမ်းပြင်ထက်မှာ အလောင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အိန်ဂျယ်နှင့်နတ်သူငယ်များက အတူပူးပေါင်းပြီးတော့ နတ်ဆိုးအားလုံးကို သတ်ပစ်ခဲ့ကြသည် သို့သော် သူတို့လည်းပဲ စိတ်မချမ်းမြေ့စရာကောင်းသော တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ကြရသည်။ အသက်ရှင်ကျန်ရစ်သော အိန်ဂျယ်အရေအတွက်က လက်ဆယ်ချောင်းတောင် မပြည့်သလို အသက်ရှင်ကျန်ရစ်သောနတ်သူငယ်များကလည်း အရေအတွက် တစ်ဝက်တောင်မပြည့်ပေ။

ရှင်ကျန်ရစ်သော နတ်သူငယ်များက သူတို့၏ လင်းလေးများကိုမြှောက်ကာ သူတို့၏အထက်မှာ ပျံသန်းနေသည့် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူနတ်ဆိုးကို ချိန်ရွယ်လိုက်ကြသည်။ ရှို့က ဆန္ဒတောက်လောင်မှော်ဓားကို မြှောက်ပြီးတော့ လျှပ်စီးမှော်ကို သိပ်သည်းနေ‌သော မြားမိုးထက်မှာ သုံးလိုက်သည်။ ဖန်တီးမှုနတ်ဘုရားက ထိုအခွင့်အရေးကိုယူပြီး သူတို့ကြားမှာ အကွာအဝေးတစ်ခုကို ဖန်တီးလိုက်သည်။

ရှို့က အဝေးရောက်‌သွားသော ဖန်တီးမှုနတ်ဘုရားကို ကြည့်လိုက်ပြီး အောက်ဘက်ရှိ နတ်သူငယ်များဆီ အကြည့်တစ်ချက် ပို့လိုက်သည် ...ထို့နောက် သူ၏နှုတ်ခမ်းထောင့်ထက်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား‌သည့် အထက်သို့ ကော့တက်နေသော အပြုံးတစ်ပွင့်ကို ဖန်ဆင်းလိုက်သည်။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now