Part 185

1.2K 297 10
                                    

Chapter 89.2 – ဇာတ်လိုက် : သူက
ကိုယ် မဟုတ်ဘူး ။

ဘုရင်ခံက အလင်းအင်အားစုတွေကို
လက်ခံရရှိသည့်အတွက် စိတ်ပျော်နေတာ
ကြောင့် စတုတ္ထအလွှာ၏ Archon ကို
အသက်ချမ်းသာပေးလိုက်သည် ...
သို့သော် Archon၏ ရာထူးက ခုချိန်မှာ
တော့ ဗလာသက်သက်မျှသာပင် ။ စတုတ္ထ
အလွှာ၏ နေထိုင်ကြသူအားလုံးနီးပါးက
ပုန်ကန်မှုမှာ သေဆုံးသွားခဲ့ကြပြီး ...
အိန်ဂျယ်တွေကတော့ လေးပုံတစ်ပုံ‌
လောက်သာ တိုက်ပွဲအတွင်း ကျဆုံးခဲ့
သည် ။

စတုတ္ထအလွှာ၏ စစ်သည်တော် အရေ
အတွက်က တတိယအလွှာထက် အဆများ
စွာ ပိုများပြားပြီး ... သူတို့တွေထဲမှာ ဓား
သခင်နှင့် မှော်ဆရာ တော်တော်များများ
လည်း ပါဝင်သည် ။ အလွှာရဲ့နံပါတ်
များလာလေလေ ... လူ‌ဦးရေကလည်း
ဆတိုးပွားလာလေလေပဲဖြစ်ကာ အဲဒီ့မှာ
နေထိုင်တဲ့ စစ်သည်တော်တွေကလည်း
ပိုပြီးတော့ သန်မာသထက် သန်မာလာကြ
သည် ။

အဌမအလွှာမြောက်မှာ မှော်နတ်ဘုရား
တွေနှင့် စစ်နတ်ဘုရားတွေ တစ်သီ
တစ်သန်းကြီး ရှိနေလောက်သည်ဟု
တုကျဲ့ထင်သည် ။ ကိစ္စတွေကသာ
ချစ်စရာသခင်‌လေးရဲ့ အကြံအစည်
အတိုင်း ဆက်ပြီးဖြစ်နေခဲ့လျှင် ... အဌမအလွှာကလူတွေ ပုန်ကန်လာကြသရွေ့ ... အခုလက်ရှိ အိန်ဂျယ်အစောင့်တွေ လုံးဝ
ကိုတောင့်ခံနိုင်ကြမှာမဟုတ်ဘဲ ...ဤစီရင်ခန်းက သူတို့အတွက် ပြီးမြောက်သွားခဲ့မှာပင် ။

သို့သော် တုကျဲ့ရဲ့တွက်ဆချက် မှားယွင်း
သွားခဲ့သည် ။ ရှို့က အစီအစဉ်ကို အဌမ
အလွှာမြောက်မှာ အဆုံးသတ်ဖို့ ရည်ရွယ်
မထားပေ ။ ရှို့ရဲ့ အကြံအစည်က ပဉ္စမအလွှာမြောက်မှာ ဘုရင်ခံက သူ့ကိုခေါ်
တွေ့လာသည့်အချိန် အထမြောက်သွား
ခဲ့သည် ။

အလင်းအင်အားစုတွေကို စုဆောင်းဖို့ရာ
အတွက် လုပ်ပိုင်ခွင့်ကို ဘုရင်ခံဆီကနေ
ရရှိပြီးချိန်မှာတော့ ... ရှို့ ရှိသမျှရွာတွေ
နှင့် မြို့တွေထံ စည်းကြပ်အပြည့်လိုက်
ကောက်တော့သည် ။

ပဉ္စမြောက်အလွှာ၏ အခြေအနေက
အပေါ်ထက်က အလွှာအချို့၏ အနေ
အထားထက် တော်တော်လေးအဆင်ပြေ
တာကြောင့် ... သူတို့ရဲ့အလင်းရောင်
အားလုံးကို ယူဆောင်သွားခံရသည်နှင့်
တစ်ပြိုင်နက် ထိုလူတွေ၏ တုံ့ပြန်မှုက
ပိုပြီးတော့တောင် ပြင်းထန်ခဲ့သည် ။ ထို့
ကြောင့်မို့ ... ရှို့ နေရာအချို့ကိုသာ ဖြတ်
သွားခဲ့ရပြီးချိန်မှာပဲ ပဉ္စမမြောက်အလွှာ
တစ်ခုလုံး ပုန်ကန်ထကြွလာတော့သည် ။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now