Part 190

1.3K 300 14
                                    

Chapter 91.1 - Reader: ဒီကမ္ဘာကြီးက ဝတ္ထုစာအုပ်ပဲ

အခု .... သူ ဘယ်ရောက်နေတာလဲ ?

တုကျဲ့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ
သူ့ရဲ့ မြင်ကွင်းတစ်ခုလုံး ဖွေးဖွေးဆွတ်နေ
သော အဖြူရောင်တွေနှင့် ပြည့်နှက်သွား
ခဲ့သည် ။ထိုနေရာကြီးမှာ သူတစ်ယောက်တည်းပင် ။ သူ့ခန္တာကိုယ်ပေါ်
က ဒဏ်ရာဒဏ်ချက်တွေ အကုန်လုံး ဘယ်တုန်းကမှ မရှိခဲ့ဘူးသလို ပျောက်
ကွယ်သွားခဲ့သည် ။

တိုတောင်းသော စိတ်ရှုပ်ထွေးရသည့်
ကာလအပြီးမှာ ... တုကျဲ့ သူ့ရဲ့လက်ရှိ
အခြေအနေကို နားလည်ဖို့ရန်အတွက်
ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်
... သူ ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့
ရုတ်တရက် ရောက်လာရတာလဲ? တုကျဲ့
ရဲ့အတွေးတွေက အလင်းနတ်ဘုရားရဲ့
မထင်မှတ်ထားသော ကိုယ့်ကိုကိုယ်ဖျက်
ဆီးပစ်လိုက်မှုမှာပဲ ရှိနေခဲ့သေးသည် ။

အလင်းနတ်ဘုရားမှာ ထိုကဲ့သို့သော
ဝှက်ဖဲမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့မိ
ပေ ။ Final Boss နဲ့ တိုက်ပွဲဆိုတာမျိုးကို
ကြားကောင်းရုံသာ နာမည်‌တပ်ခေါ်ခြင်း
ဟု အူကြောင်ကြား ချစ်စရာကောင်လေး
ထင်ခဲ့မိပေမယ့် .... အလင်းနတ်ဘုရားက
သူ့ရဲ့ အန္တိမ စွမ်းရည် " verdict" ကို
ထုတ်သုံးပြီး သူတို့တစ်ဖွဲ့လုံးကို ရှင်းလင်း
ပစ်ခဲ့သည် ။

" သင်တို့ သေရတော့မယ်"

တုကျဲ့ သူ့ပတ်ပတ်လည်ရှိ အနားသတ်မရှိ
သော အဖြူရောင်ထုကြီးကို ကြည့်လိုက်
သည် ... ဒါ တမလွန်များလား ?

အဖြူ ၊အဖြူ ၊ အဖြူ ၊ အဖြူ ထပ်ပြီး
တော့ အဖြူ ။ နွားနို့စည်ကြီးထဲ ပြုတ်ကျ
သွားခဲ့သည့်အလား သို့မဟုတ် အဖြူ
စွတ်စွတ်စာရွက်တစ်ရွက် အပေါ်မှာ
သူကသာ အရောင်ခြယ်မှုန်းခံခဲ့ရတဲ့
တစ်ခုတည်းသော အရာဖြစ်နေသည့်
အလား ။

တုကျဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့
လာပြီးနောက်မှာ မျက်လုံးတွေကို မှိတ်
လိုက်သည် ။ အရာအားလုံး ဖြူဆွတ်နေခဲ့
ခြင်းက ပိန်းပိတ်အောင်မှောင်မည်းနေ
သည်ထက်ပင် ပိုပြီးတော့ စိတ်မသက်
မသာ ဖြစ်ရမှန်း သူသိလိုက်ရသည် ။
ဆွတ်ဆွတ်ဖြူနေသော အ‌ဖြူရောင်ထုကြီး
ကို သူ ကြည့်မိလျှင် ... သူ့မျက်လုံးတွေပါ
ပြာသွားရုံမက ... အန်ချင်သလိုတောင်
ဖြစ်လာခဲ့သည် ။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now