Part 181

1.5K 310 8
                                    

Chapter 88.1 – ဇာတ်လိုက် : မင်း
ကိုယ့်ကို ယုံလား ?

ဒုတိယအလွှာ၏ပုန်ကန်မှုကြောင့် ဘုရင်ခံ
ဤအလွှာမှာ ညဘက်အနားမယူတော့ဘဲ
လူတိုင်းကို တတိယအလွှာစီ ဆက်သွားရန်
အမိန့်ပေးလာခဲ့သည် ။

ထိုနေရာသို့ သွားသည့်လမ်းက အလွန်ပင်
မှောင်မိုက်‌နေခဲ့သည် ။ မဟုတ်ပေ ...ထို
ဟာက အမှောင်သက်သက်သာမဟုတ်ဘဲ
အမှောင်ထုက လွှမ်းခြုံလို့ထားသော
သုသာန်တစပြင်ပမာ တိတ်ဆိတ်ခြင်းပင်။
နောက်ဆုံး တတိယအလွှာ၏ ကောင်းကင်
ယံထက်က အလင်းရောင်ကို တွေ့ချိန်ကျမှ
တုကျဲ့ သူကိုယ်တိုင်တောင်မသိလိုက်
ပါဘဲ သက်ပြင်းချမိကာ သူ့နှလုံးသားထဲ
က အရိပ်မည်းတော်တော်များများ လွင့်ပါး
သွားခဲ့သည် ။ တတိယအလွှာကလည်း
သိပ်ပြီးတော့ လင်းထိန်မနေပေမယ့်
ဒုတိယအလွှာလောက်တော့ မမှောင်ပေ ။

ရထားလုံး တတိယအလွှာ၏နန်းတော်ဆီ
‌ဆိုက်ရောက်ချိန်မှာ ညနေတောင်စောင်းနေ
ပြီဖြစ်သည် ။ ဒီနေ့အစောပိုင်းက ဖြစ်ပျက်
ခဲ့တာတွေကြောင့် ဘုရင်ခံ၏အဖွဲ့က
စကားစမြည် ပြောဆိုဖို့ရာ အာရုံမလာပဲ
Archon၏ ခရီးဦးကြိုပြုခြင်း ခံရပြီး
နောက်မှာ သူတို့တွေ အနားယူလိုက်ကြ
တော့သည် ။

သူ အိပ်ရာမဝင်ခင်မှာ နတ်သက်ကြွေ
သူတွေ၏ပုန်ကန်မှုအပြီး ရှို့ သူ့ကိုပြောခဲ့
တဲ့စကားတွေကို တုကျဲ့ ပြန်‌ပြီးတော့တွေး
နေမိသည် ။ တုကျဲ့ နည်းလမ်းကို မမှန်းဆ
မိသေးပေမယ့်လည်း ချစ်စရာသခင်လေး
ကတော့ ထုံးတမ်းတွေကို ကျော်ဖြတ်ဖို့ရာ
နည်းလမ်း ရှာတွေ့သွားသည့်ပုံပင် ။ ရှို့
ကပြောမလာခဲ့တာကြောင့် တုကျဲ့က
လည်း မမေးခဲ့ပေ ။

အူကြောင်ကြား ချစ်စရာကောင်လေးက
သူ့ရဲ့ဇာတ်လိုက်၏ IQကို အမြဲလိုပင် ယုံ
ကြည်ခဲ့သည် ။ သူတို့တွေ မကြာခင်မှာ
ထွက်သွားနိုင်တော့မယ်လို့ ချစ်စရာသခင်
လေးက ပြောလာမှတော့ သူတို့တွေ
အိန်ဂျယ်မျိုးနွယ်၏ စီရင်ခန်းကို ရက်
အနည်းငယ်အတွင်းမှာပဲ ဖြတ်ကျော်နိုင်
တော့မှာ အသေအချာပင် ။

နောက်နေ့မှာတော့ ဘုရင်ခံက ဟောခန်း
ထဲက မြင့်မြတ်တဲ့ခုံပေါ်မှာ တိတ်ဆိတ်စွာ
ထိုင်နေခဲ့သည် ။ သူ့ရဲ့ ဒေါသစိတ်နှင့်
အမျက်ခြောင်းခြောင်း ထွက်နေခြင်းကို
လူတိုင်းခံစားလို့ ရနေခဲ့သည် ။ ဒူးထောက်
နေခဲ့သော တတိယအလွှာ၏ Archonက
နှုတ်ဆိတ်နေခဲ့သည် ။ သူက "လက်ဆောင်
ပဏ္ဍာ " မဆက်သနိုင်ရုံသာမကပဲ ပေးအပ်
ဖို့ရာလိုအပ်သည့် အလင်းအင်အားစု
ပမာဏကိုပင် ပြည့်အောင်မဖြည့်နိုင်ခဲ့ပေ။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now