Part 193

1.3K 296 11
                                    


Reader : မင်း နတ်ဘုရားဖြစ်လာတာကို မြင်ချင်တယ်။

လှတယ်။

သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်မှာ မြင်လိုက်ရသည့်မြင်ကွင်းကို ဖော်ညွှန်းဖို့ရာ ဤစကားလုံးတစ်လုံးသာရှိ၏။

နေလုံးကြီးကို အမှုန့်ဖြစ်အောင်ခြေပြီးတော့ သူ့အပေါ်မှာ ဖြူးထားခဲ့သည့်အလားပင်။ သူ၏ရွှေရောင်ဖျော့ဖျော့ဆံနွယ်က ကြမ်းပြင်ထိရောက်အောင်ပင် ရှည်လျားကာ ဆံသားများက တောက်ပြောင်ချောမွေ့နေခဲ့သည်။ လောကကြီးထဲရှိ အတော်ဆုံးသော ပန်းပုဆရာက လက်ရာမြောက်ဆုံးသော ပန်းပုရုပ်တစ်ခုကို ဒုက္ခသုက္ခခံပြီးတော့ ထွင်းထုထားခဲ့သည့်အလား သူ၏မျက်နှာသွင်ပြင်က ခြောက်ပြစ်ကင်းသဲလဲစင်နေခဲ့သည်။

သူ၏မျက်နှာထက်မှာ ဘာအမူအရာမှ ရှိ‌မနေခဲ့သော်လည်း ထိုဟာကပင် အထက်စီးဆန်သော ဆွဲဆောင်မှုရှိနေခဲ့သည်။ သူ၏ ရင်သပ်ရှူမောဖွယ်အကောင်း‌ဆုံးသော လက္ခဏာသွင်ပြင်က သူ၏မျက်လုံးများပင်ဖြစ်၏။ သူ၏မျက်ဝန်းနှစ်ဖက်စလုံးက တောက်ပသည့်ရွှေရောင်များ ဖြစ်ကြသော်လည်း အရောင်အနုအရင့်က ကွာခြားနေခဲ့သည် ... တစ်ဖက်က မွန်းတည့်ချိန်နေရောင်၏ ကြည်လင်သောရွှေရောင်ဖြစ်ပြီး ကျန်တစ်ဖက်ကတော့ နေကြတ်ချိန်၏ ရွှေဖြူရောင်ပင်။

တုကျဲ့က နိုးလာတာကို တွေ့ချိန်မှာ ... အရောင်မတူညီသောမျက်ဝန်းများနှင့်သူက သူ့လက်ကိုဆန့်ပြီးတော့ အနက်ရောင်ဆံပင်နှင့်လူငယ်လေး၏မျက်နှာကို ထိတွေ့လာခဲ့သည်။ သူ၏အပြုအမူက ဂရုတစိုက်နှင့်သတိထားပြုမူနေခဲ့သည် ... ပေါက်ကွဲထွက်သွားနိုင်သည့် အိမ်မက်ပူဖောင်းလေးတစ်လုံးကို ထိတွေ့နေသည့်အလား။

ထိုသူ၏နောက်မှာတော့ သုံးစုံသော ငွေနှင်းဖြူရောင်တောင်ပံများက ဖြန့်ကျက်နေခဲ့ပြီး ခမ်းနားထည်ဝါသောအမွှေးတောင်များက လေထဲမှာ တဖျပ်ဖျပ်ခတ်နေခဲ့သည်။ ထိုသူက အရမ်းကိုလှလွန်းအားကြီး၍ ပျော်ရွှင်မှုအတိသုခနှင့်အပြည့်စုံဆုံးသော ကောင်းကင်ဘုံမှာ နေထိုင်သည့် သူအတိုင်းပင်။ ဒါက...

ရှို့လား ။

ဖန်တီးမှုနတ်ဘုရားနှင့် သူ၏စကားဝိုင်းကနေ ပြီး ရှို့က သူ၏အိန်ဂျယ်မျိုးနွယ်စုသွေးကို နိုးထပြီးသွားပြီမှန်း တုကျဲ့က ခန့်မှန်းထားခဲ့သော်လည်း ... ယခု သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရချိန်မှာ ... တုကျဲ့တစ်ယောက် ရှော့ရသွားဆဲပင်... ဒါကအရမ်းကို တောက်ပလွန်းအားကြီး၏။ ထိုသူကို ကြည့်မိရုံနှင့်တင်ကို လူတစ်ယောက်အား အရှက်ရစေ၏ ... သူ့ကို အကြည့်တစ်ချက်နှင့် ကြည့်မိလိုက်ရုံကပင် နတ်ဘုရားကို မလေးမစားပြုမူမိလိုက်သည့်အလား ခံစားရစေသည်။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now