Part 198

3.9K 428 46
                                    


ဇာတ်သိမ်းပိုင်း : စာဖတ်သူနှင့် အဓိကဇာတ်ဆောင်က အချစ်စစ်နှင့်ချစ်ကျွမ်းဝင်သွားခဲ့ကြသည်။

အလွန်ဆိုးဝါးသော စိတ်ထင့်နေသည့် ခံစားချက်ကြီးကနေ လွတ်မြောက်ဖို့ရန်အတွက် ... ထိုဟာက အိမ်မက်သက်သက်ပဲဆိုပြီး သူ့ကိုယ်သူ တုကျဲ့ သိမ်းသွင်းလိုက်၏။ သူ၏အာရုံကို တခြားတစ်နေရာဆီပို့ဖို့ သူကြိုးပမ်းလိုက်သည်။ ကွန်ပျူတာမျက်နှာပြင်ထက်ရှိနာရီက ဆယ့်တစ်နာရီခွဲနေပြီဖြစ်ကြောင်း ပြနေခဲ့သည်။ သူ သုံးနာရီ‌တောင် အိပ်ပျော်သွားခဲ့တာပင်။

ရီရယ်ကျီချိုး၏အကျင့်တွေကို သိနေတာကြောင့် ... သည်အချိန်လောက်ဆိုရင် အသစ်ထပ်တင်လောက်ပြီဖြစ်သည်။

တုကျဲ့သူ၏ညွှန်းမြားလေးကို "Mixed Blood"၏ စာမျက်နှာဆီ‌ ရွှေ့လိုက်သည်။ သူ၏မျက်လုံးတို့က စာကြောင်းတစ်ကြောင်းဆီကို ရောက်သွားချိန်မှာ ... သူ ရေခဲပုံးကြီးတစ်ပုံးထဲကို ပြုတ်ကျသွားခဲ့သလိုပင်။ စာမျက်နှာပေါ်ရှိ စကားလုံးများကို တွေ့ချိန်မှာ... သူ၏အသက်ရှုသံက လည်ချောင်းထဲမှာ တန့်သွားခဲ့သည်။

[ စာရေးသူ၏ကြေညာချက်: ရီရယ်ကျီချိုးကို အားပေးထောက်ခံကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် ချိုးက စာဆက်မရေးတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ]

ထိုမတ်ဆေခ်ျ့က စာဖတ်သူတွေကြားတင်သာမကပဲ အယ်ဒီတာဝန်ထမ်းတွေကြားမှာပါ  ပွက်လောရိုက်သွားစေခဲ့သည်။ ချိုး၏အယ်ဒီတာက သူ့mouseကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး QQထဲကို ဝင်လိုက်သည်။

အယ်ဒီတာကျင်းရီ : မင်းရှိနေလား။ မင်းရှိနေလား။ မင်းရှိနေလား။

အယ်ဒီတာကျင်းရီ : ငါ မှားဖွင့်မိတာပဲ ဖြစ်ရမယ်။ မင်း စာရေးတာကို စွန့်လွှတ်တော့မယ်လို့ ပြောလိုက်တာလား။

အယ်ဒီတာကျင်းရီ : တစ်ယောက်ယောက်ရှိနေလား။ ဟေး... ဆရာကြီး။

ကျင်းရီက QQကနေ အဆက်သွယ်ရဖို့ ကြိုးပမ်းနေရင်းနှင့် ချိုး၏ဆက်သွယ်ရမည့်လိပ်စာကိုရှာဖို့ ကြိုးစားလိုက်သည်။ ထို သူတောင်းစား၏လိပ်စာကိုသာ ရှာတွေ့လျှင် ... သူလေယာဥ်ချက်ချင်းစီးပြီးတော့ အရောက်သွားတာ ရီရယ်ကျီချိုး၏အိမ်ရှေ့မှာ သူ့ကိုယ်သူဆွဲကြိုးချသေပစ်မည်ဟု သူကျိန်ရဲသည်။

အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း (အဓိကဇာတ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်း )Where stories live. Discover now