[Part 5]

2.2K 118 1
                                    

"မိုးရေ ဒီအစ်မကြီးမချောဘူးလားကြည့်ပါအုံး ငါတော့အရမ်းတွေကြွေနေပြီ"

ဖူးကကျွန်မကို တခြားမေဂျာကqueen selection၀င်ထားတဲ့သူတွေကိုပြပြီး ပြောနေလေရဲ့။ သူပြောချင်လဲပြောချင်စရာပါပဲ။ ရန်ကုန်တက္ကသိုလ်မှာအချောအလှတွေရှိတယ်ကြားဖူးပေမယ့် အခုမှပဲလက်တွေ့မြင်ရတော့တယ်။ ဒါပေမဲ့အဲ့အချောအလှတွေကိုကျော်ပြီး ကျွန်မဘေးမှာထိုင်နေတဲ့ကောင်မလေးကို အလှဆုံးလို့ထင်နေမိတာ ကျွန်မမလွန်ဘူးလို့ထင်ပါတယ်။ ဖူးရဲ့ပုံစံက မြင်တာနဲ့ကြွေသွားလောက်တဲ့ပုံစံမျိုးမဟုတ်ပေမယ့် ယဉ်ယဉ်လေးနဲ့အကြည့်ခံတဲ့သူမျိုး။ အသားအရေလဲဖြူတာမျိုးမဟုတ်ဘဲ ညိုတဲ့ဘက်သွားတယ်။ ညိုချောလေးပေါ့။ အရပ်က ကျွန်မနဲ့မတိမ်းမရိမ်းဆိုတော့ ရှည်တဲ့အထဲပါတယ်။ စကားများပြီး သွက်သွက်လက်လက်ရှိသလောက် တခါတလေတော့အပျင်းကကြီးတယ်။ ဝေးတဲ့နေရာတွေဆိုလမ်းမလျှောက်ချင်ဘူး။ ကန်တင်းတောင်ခြေထောက်ညောင်းလို့မသွားဘူးတဲ့လေ။ ကျွန်မကတော့သူဗိုက်ဆာနေတာမကြည့်ရက်တာနဲ့ ကန်တင်းကပြန်တိုင်း သူ့အတွက်မုန့်၀ယ်လာပေးတယ်။ မိန်းကလေးသဘာ၀အရ သူဗိုက်အောင့်တဲ့နေ့တွေဆို ကျွန်မမှာပြာယာခတ်နေရော။ ဆေးနဲ့မုန့်နဲ့ ကန်တင်းကအပြေးသွားနေပေးကြ။ အဲ့လိုနေ့မျိုးကျရင်တော့ ကျွန်မနေ့လည်စာမစားဖြစ်ဘူးပေါ့။ သူ့အနားမှာနေရင်း အရိပ်အခြေကြည့်နေရတာလေ။ ဘေးလူတွေကတော့ ကျွန်မအကဲပိုတယ်လို့ထင်ချင်ထင်နေကြမှာပေါ့။ ဒါမဲ့ တယောက်ယောက်ကိုချစ်မိသွားရင်ဂရုစိုက်ပေးချင်ကြတာချည်းပဲလေ။

မိုး- ဖူးကကြွေတယ်ဆိုတော့ အဲ့အစ်မကိုကြိုက်နေပြီလား

ဖူး- ကြိုက်တာတော့ကြိုက်တာပေါ့ ဒါမဲ့ကြိုက်တယ်လို့သွားမပြောရဲပါဘူး ပါးရိုက်ခံနေရအုံးမယ်

မိုး- ဟိုကကြိုက်တယ်ဆိုရင်ရော

ဖူး- ဟာ အဲ့ခါကျရင်တွဲပစ်လိုက်မှာပေါ့

မိုး- ဖူးကမိန်းကလေးချင်းတွဲရဲလို့လား

ဖူး- ဘာလို့မတွဲရဲရမှာလဲ ကိုယ်တကယ်ကြိုက်ရင် boyဖြစ်ဖြစ် girlဖြစ်ဖြစ် အကုန်တွဲရဲတယ်

ဤမျှသာWhere stories live. Discover now