[Part 27]

1.6K 97 1
                                    

"ငါ မေမဒီနဲ့တွေ့ချင်တယ်"

ကျွန်မစကားကိုကြားတော့ သူလန့်သွားပုံရတယ်။ ကြည့်ရတာ မေမဒီ ကျွန်မကိုပြောမယ့်စကားတွေကို ခံနိုင်ရည်မရှိမှာစိုးလို့နဲ့တူပါတယ်။ တကယ်တော့ ကျွန်မလည်းခံနိုင်ရည်ရှိပါ့မလားလို့ ကိုယ့်ကိုကိုယ်သံသယ၀င်မိတယ်။ ဖြစ်နိုင်ရင် မိုင့်လက်ကိုဆွဲပြီး ဘယ်သူမှမရှိတဲ့ဟိုးအဝေးကြီးကိုထွက်ပြေးလိုက်ချင်တာ။ ဒါပေမယ့် ပြသာနာဆိုတာက ရှောင်ပြေးနေလို့ပြီးသွားတာမှမဟုတ်တာ။ တချိန်ချိန်မှာတော့ ကိုယ့်ဆီပြန်ရောက်လာမှာပဲလေ။ အဲ့လိုဆုံးဖြတ်ထားတာမို့ ကျွန်မ မေမဒီနဲ့စကားပြောဖို့လိုတယ်။ မိုင့်ကိုလက်လွှတ်ပေးဖို့ ကျွန်မပြောကြည့်ရမှာပေါ့။ အခြေအနေအရ တောင်းပန်သင့်ရင်လည်းတောင်းပန်ရမယ်။ ဒူးထောက်သင့်ရင်လည်း ဒူးထောက်ရမှာပဲ။ ဒီအချိန်မှာ မာနကိုငဲ့နေရင် ကျွန်မတသက်လုံးနောင်တရနေရမယ်ထင်တယ်။

မိုင်- မင်းသွားမတွေ့လည်းဖြစ်ပါတယ် ငါကြည့်ရှင်းလိုက်လို့ရရဲ့သားနဲ့

မိုး- မဟုတ်သေးဘူး ဒီကိစ္စမှာငါတို့ဘက်ကမှားထားတာလေ တောင်းပန်တာတော့သူလိုချင်မှာပေါ့

မိုင်- တောင်းပန်ရမယ်ဆိုလည်းငါပဲတောင်းပန်ပါ့မယ် မိုးရယ် နင်ကဘာမှသိခဲ့တာမှမဟုတ်တာ

မိုး- အခုသိနေပြီလေ သိနေတာတောင်နင့်ကိုမှလက်မလွှတ်နိုင်တာ

မိုင်- မေမဒီကငယ်ငယ်လေးထဲကချမ်းသာတဲ့မိသားစုက အလို‌လိုက်ခံထားရတော့ ဆိုးချင်တိုင်းဆိုးနေတာ။ ငါသူ့အကြောင်းသိတယ် မင်းသူနဲ့သွားတွေ့ရင် သူကမင်းကို‌မဟုတ်တာတွေပြောလိုက်လိမ့်မယ်

မိုး- ငါသိပါတယ် အဲ့လိုဆိုတိုင်းရှောင်ပြေးစရာမှမလိုတာ ကိုယ်လုပ်တာကိုယ်ရင်ဆိုင်ရမှာပေါ့

မိုင်- ခက်နေပါပြီ မိုးရယ်

မိုး- မခက်ပါဘူး မိုင်ရယ် ငါ့ကိုသူနဲ့ချိန်းပေးနော်... နော်လို့

အဆုံးမှာတော့ သူကျွန်မဆန္ဒကိုမလွန်ဆန်နိုင်ဘူးလေ။ မေမဒီနဲ့မနက်ဖြန်တွေ့ဖို့ချိန်းပေးတယ်။ အဲ့ဒါတောင် သူလိုက်ခဲ့မယ်တကဲကဲလုပ်နေလို့ မနည်းတားထားရတယ်။ သူသာလိုက်ခဲ့ရင် သူကကျွန်မကိုကာပြောပေးနေမှာလေ။ အဲ့အခါကျရင် မေမဒီအတွက် မတရားသလိုဖြစ်သွားလိမ့်မယ်။

ဤမျှသာWhere stories live. Discover now