[Part 40]

1.8K 98 1
                                    

ကိုးရက်မြောက်နေ့ (သို့) ခွဲခွာရန် ၂၄နာရီအလို -

မနက်ခင်းအလင်းရောင်ကြောင့် ကျွန်မနိုးလာခဲ့တယ်။ နိုးနိုးချင်း ခံစားရတဲ့အထိအတွေ့ကြောင့် မျက်လုံးမှိတ်လျက်သားနဲ့ပင် ညကအဖြစ်အပျက်တွေအားလုံးခေါင်းထဲရောက်လာတယ်။ ရှက်စိတ်ကြောင့် လူကထူပူနေပေမယ့် ကံကောင်းတာက ကျွန်မကိုယ်ပေါ်မှာ အ၀တ်အစားတွေရှိနေတယ်။ ညက ကျွန်မအိပ်ပျော်သွားပြီးနောက်ပိုင်း သူ၀တ်ပေးထားတာဖြစ်လိမ့်မယ်။ မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ ကျွန်မကိုမျက်နှာချင်းဆိုင်ပြီး အိပ်ပျော်နေတဲ့သူ့ကိုမြင်ရတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း ချစ်တဲ့သူကိုမြင်ရတဲ့ခံစားချက်က အရမ်းကြည်နူးဖို့ကောင်းတယ်ဆိုတဲ့စကားကို တခြားလူတွေပြောကြတုန်းက အရမ်းအကဲပိုတယ်လို့ကျွန်မထင်ခဲ့ဖူးတယ်။ အခုတော့ ကျွန်မကိုယ်တိုင်လက်တွေ့ခံစားခဲ့ရပြီ။ တကယ်တမ်းကျတော့ကြည်နူးဖို့ကောင်းတာထက်တောင် ပိုပါတယ်လေ။ ဒါပေမယ့်လည်း အဲ့ခံစားချက်ကိုအကြာကြီးခံစားလို့မရနိုင်မှန်း သတိရသွားတဲ့အခါ ရင်ဘတ်ထဲကစူးကနဲ။ ခုနကပျော်ရွှင်နေတဲ့ခံစားချက်တွေအကုန်ပျောက်သွားပြီး စိုးရိမ်မှုတွေ ၀မ်းနည်းမှုတွေက အစားထိုး၀င်ရောက်လာတယ်။ မနေ့ကအထိတောင် "ငါအဆင်ပြေမှာပါ"လို့တွေးနေမိပေမယ့် ဒီနေ့တော့ "ငါနေနိုင်ပါ့မလား"လို့တောင်တွေးနေမိပြီ။ သူရော... နေနိုင်ပါ့မလား!

မိုင်- အင်း...... အင်း

ရုတ်တရက်မိုင်နိုးလာတာမို့ ကျွန်မရဲ့အတွေးတွေကိုခနတာဖျောက်ပစ်လိုက်တယ်။

မိုင်- နိုးနေတာကိုငြိမ်နေပုံထောက်ရင် ကိုယ့်ကိုကြည့်မ၀ဖြစ်နေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား ကောင်မလေး..

မိုး- ကိုယ့်ကိုကိုယ်အထင်ကြီးနေပြန်ပြီ အခုပဲထမလို့လုပ်နေတာပါနော်

မိုင်- ထရောထနိုင်ပါ့မလား

မိုး- မိုင်နော်! ဘာလို့မထနိုင်ရမှာလဲ

မိုင်- မသိဘူးလေ မနေ့ညကကိုယ့်ကြောင့်အဆင်မှပြေရဲ့လားလို့

မိုး- ဟာ! ‌မနက်စောစောစီးစီးဘာစကားတွေပြောမှန်းမသိဘူး

မိုင်- ဘာစကားတွေကမှာလဲ ချစ်စကားတွေပေါ့ ကိုယ်တို့မနေ့ညက ဘယ်လောက်တောင်ချစ်ခဲ့ကြလဲဆိုတာ...

ဤမျှသာWhere stories live. Discover now