[Part 44] Completed!

5.7K 169 0
                                    

"ဒီမှာဟေ့ ကလေးတွေ"

ကျွန်မတို့‌လေယာဉ်ဆင်းတာနဲ့ လေဆိပ်မှာလာကြိုနေကြတဲ့မိုင့်ရဲ့မိသားစု။ ကျွန်မဂျပန်မှာတွေ့ခဲ့တဲ့ မိုင့်အဖေဆိုတဲ့လူကြီးက ကျွန်မတို့ကိုလက်ပြပြီးအော်ခေါ်နေတယ်။ သူ့ဘေးမှာ မိုင့်ရဲ့မောင်နှမတွေကပြုံးပြီးရပ်ကြည့်နေကြတယ်။ အဲ့ဘေးမှာတော့ ပြုံးသယောင်ရှိနေတဲ့ မိုင့်ရဲ့အမေ။ မိုင်ကချက်ချင်းပြေးသွားပြီး သူ့မိသားစုတစ်‌ေယာက်ချင်းစီကိုဖက်ပြီးနှုတ်ဆက်နေတယ်။

"ဟေ့ မိုင်လေးကလည်းကွာ သမီးလေးကိုပစ်မထားနဲ့လေ အလွမ်းသယ်တာတော်တော့ သွားတာဘယ်လောက်မှလည်းမကြာဘဲနဲ့ကွာ"

မိုင့်အဖေကအဲ့လိုပြောလာတော့ မိုင်ကပြာပြာသလဲ‌ပြန်ပြောတယ်။

မိုင်- မပစ်ထားပါဘူး အဖေရာ ခနလေးပဲလက်လေးလွှတ်လိုက်မိတာကို

မိုး- မဟုတ်တာ အန်ကယ် သမီးကလဲပစ်ထားတယ်လို့မထင်ပါဘူး

"အန်ကယ်တဲ့လား မကြာခင်ပဲလက်ထပ်တော့မှာကို အဖေလို့ခေါ်ပေါ့"

မိုး- ရှင်? အဲ အဲ့လိုခေါ်လို့ရလား

မိုင်- ရတာပေါ့ မိုးကလဲ နောက်လဲအဲ့လိုပဲခေါ်ရမှာပဲကို

မိုး- အဟင်းဟင်း ဟုတ်ကဲ့ပါ နောက်ကိုအဖေလို့ပဲခေါ်ပါ့မယ်

"တို့ကိုလည်း အမေလို့ခေါ်ပေါ့"

မိုင့်အမေဆီကထွက်လာတဲ့စကားသံ။ ကျွန်မမထင်မှတ်ထားတဲ့စကားကြားလိုက်ရတော့ အံ့ဩတကြီးမိုင့်အမေကိုကြည့်မိတယ်။ သူကပြုံးပြပြီး ထပ်ပြောသေးတယ်။ "မခေါ်ချင်ဘူးလား"တဲ့။ ကျွန်မပျော်လွန်းလို့ မျက်ရည်တောင်ဝဲလာမိတယ်။ အဲ့တော့ မိုင့်အမေကအနားရောက်လာပြီး ကျွန်မကိုဖက်ရှာတယ်။

"ပြီးခဲ့တဲ့ကိစ္စတွေအတွက် အန်တီ့ကိုခွင့်လွှတ်ပါ သမီးရယ် အန်တီတကိုယ်ကောင်းဆန်ခဲ့မိတယ် အဲ့နောက်ပိုင်းသိလိုက်ရတာက မိုင်လေးကသမီးမရှိရင်မဖြစ်ဘူးဆိုတာပဲ ပြီးတော့သမီးလည်းမိုင်လေးကိုဘယ်လောက်ချစ်နိုင်လဲဆိုတာ မြင်နိုင်ခဲ့ရတယ် အခုချိန်ကစပြီးသမီးတို့နှစ်ယောက်ကိုဘယ်သူမှမခွဲစေရဘူး အန်တီကတိပေးတယ်"

ဤမျှသာWhere stories live. Discover now