[Part 43]

2.2K 106 1
                                    

မိုး- ဟင်! ငါဒီမှာနေမှန်းဘယ်လိုသိလဲ

ကျွန်မလမ်းမပြရဘဲနဲ့ အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကြောင့် ကျွန်မအံ့ဩသွားရတယ်။

မိုင်- အန်တီပြောပြထားတာလေ တကယ်တော့ကိုယ်မနက်ထဲကဒီရောက်နေတာ မိုးအလုပ်သွားတာလဲတွေ့တယ် မိုးပြန်လာမှအားလုံးရှင်းပြမယ်ဆိုပြီးစောင့်နေတာကို အန်တီကဖုန်းဆက်လာတာလေ မိုးကိုဆက်သွယ်လို့မရတော့ဘူးဆိုပြီးတော့ အဲ့ဒါနဲ့ပဲကိုယ်လိုက်ရှာရတာ

မိုး- နှစ်ယောက်သားက အတိုင်အဖောက်ကိုညီနေတာပဲ ဒီလူသေသွားမှ မှတ်ကြမှာ

မိုင်- မိုး! အဲ့လိုမပြောနဲ့လေကွာ နမိတ်မရှိနမာမရှိ

မိုး- ဆောရီး မပြောတော့ဘူးနော် လာ လာ အိမ်ထဲ၀င်မယ်

အထဲရောက်တော့ အခန်းကကျဉ်းနေတာမို့ ကျွန်မသူ့ကိုအားနာရမိတယ်။

မိုး- အခန်းကကျဉ်းနေတယ် မိုင်အိပ်လို့အဆင်‌ပြေမှာမဟုတ်ဘူး အမေတို့ဆီမှာပဲသွားအိပ်လိုက်ပါလား

မိုင်- မိုးကကွာ လူကိုမောင်းထုတ်နေတယ် အခုမှတွေ့ရတာကို

မိုး- မောင်းထုတ်တာမဟုတ်ပါဘူး မိုင်အဆင်မပြေမှာစိုးလို့ပါ

မိုင်- ကိုယ်ကမိုးရှိရင်ရပြီဆိုတာ မသိတာလား မသိချင်ယောင်ဆောင်နေတာလား

မိုး- သိပါတယ်နော် သိပေမယ့်လည်းမိုင့်ကိုဒီလိုနေရာမှာအိပ်ခိုင်းစရာလားလို့ မိုင့်အမေသိရင်စိတ်တိုနေတော့မှာပဲ

မိုင်- ကိုယ်ပြောပြီးပြီလေ မိုးရှိရင်ရပြီလို့ လာပါကွာ ကြာတယ် မိုးရေတွေစိုရွဲနေတာကို အရင်အ၀တ်အစားလဲလိုက်

မိုး- ပြီးရော ရေချိုးခန်းထဲသွားလဲလိုက်အုံးမယ် ပြီးမှမိုင်လဲဖို့အ၀တ်အစားထုတ်ပေးမယ်နော်

မိုင်ကခေါင်းငြိမ့်ပြီး ပြုံးပြတယ်။ ဒီလိုအပြုံးကိုမမြင်ရတာ တစ်လလောက်ကြာခဲ့ပေမယ့် ကျွန်မအတွက်တော့တစ်နှစ်လို့တောင်ထင်ရတယ်။ အဲ့လောက်ထိတောင် လွမ်းရပါတယ် မိုင်ရယ်။

ရေချိုးခန်းထဲမှာ အ၀တ်အစားလဲပြီးတော့ သူ့အတွက်အ၀တ်အစားတွေထုတ်ပေးပြီး သွားလဲခိုင်းရတယ်။ ပြန်ထွက်လာတော့ ကျွန်မကိုသူ့ရင်ခွင်ထဲထည့်ပြီး အနောက်ဘက်ကနေ ခေါင်းရေသုတ်ပေးလေရဲ့။ လူတစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲရောက်နေတာကြောင့် ကျွန်မရင်တွေခုန်လာရတယ်။ မတွေ့ရတာကြာပြီမို့ သူ့ရဲ့သေးငယ်တဲ့အထိအတွေ့လေးကအစ ကျွန်မကိုရင်မောစေတယ်။ အဲ့ဒါကိုထပ်ပြီးတော့ ခါးကိုလာဖက်ပြီး ပုခုံးပေါ်ခေါင်းတင်လာတာမို့ ကျွန်မအသက်ရှူအောင့်ထားလိုက်မိတယ်။ သူ့အသက်ရှူသံတိုင်းက ကျွန်မလည်ပင်းနားရစ်ဝဲနေတာကြောင့် မနေတတ်စွာရုန်းမိတယ်။

ဤမျှသာWhere stories live. Discover now