[Part 26]

1.6K 101 2
                                    

"မင်းသေချင်နေပြီလား မိုးမြတ်သခင်"

ကျွန်မကြားဖူးနေကျ အသံမျိုးမဟုတ်ဘဲနဲ့ ဩရှရှအသံနဲ့ပြောလိုက်တာကြောင့် ကျွန်မလန့်တော့လန့်သွားတယ်။ သူ့မျက်လုံးတွေကနီရဲနေပုံထောက်ရင် ငိုများငိုထားလေသလား။ ကျွန်မလက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့သူ့လက်တွေတုန်နေတာကိုကျွန်မခံစားမိတယ်။ သူအခုချိန်မှာဘယ်လောက်ဒေါသထွက်နေမလဲဆိုတာ ကျွန်မသူ့ကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒေါသထွက်နေရတဲ့အကြောင်းရင်းကိုလည်း ကျွန်မသိတယ်။

မိုင်- ဟင် ပြောလေ! မင်းသေချင်နေတာလားလို့!

မိုး- ဘာလဲ ဘာတွေလာပြော‌နေတာလဲ ငါ့ကိုလွှတ် လက်နာနေပြီ

မိုင်- ငါကိုင်ထားကျတော့နာတယ်ဟုတ်လား ဟိုအကောင် နင့်ကိုကိုင်တာကျတော့နင်သာယာနေတာမလား!!

ဘုရားရေ! သူဘာတွေပြောနေတာလဲ။ ကိုဟိန်းနဲ့ကျွန်မကို သူပြတင်း‌ပေါက်ကနေမြင်လိုက်ရတာမို့ သူဒေါသထွက်နေလောက်မယ်ဆိုတာကျွန်မသိတယ်။ ဒါပေမဲ့ သူ့စကားတွေကကျွန်မကိုစော်ကားနေသလိုပဲ။ သူနဲ့ကလွဲပြီး ဘယ်သူနဲ့မှထိတွေ့ခဲ့ဖူးတာမဟုတ်မှန်း သူမသိလို့ပြောနေတာလား။

မိုး- မိုင်! နင်ဘာတွေပြောနေတာလဲ ငါ့ကိုမစော်ကားနဲ့နော် သူနဲ့ငါကဘာဖြစ်နေလို့လဲ

မိုင်- ဘာဖြစ်နေလို့လဲဟုတ်လား နင့်ကိုယ်နင်ပြန်မေးကြည့်လေ နင်တို့နှစ်ယောက်ဘာဖြစ်နေကြလဲဆိုတာ နင်တို့ကိုယ်နင်တို့ကောင်းကောင်းသိမှာပေါ့!

မိုး- တော်တော့ မိုင် ငါဆက်မပြောချင်တော့ဘူး ဒီမှာငါတို့နှစ်ယောက်ပဲရှိတာမဟုတ်ဘူး အန်တီမယ်ရီကြားသွားရင်မကောင်းဘူး

မိုင်- နင်ကငါတို့အကြောင်းလူသိမှာကြောက်နေတာလား ဟိုလူနဲ့ကျတော့လူသိထင်ရှားလျှောက်သွားနေပြီးတော့များ!

မိုး- နင့်ကိုဆက်မပြောနဲ့တော့လို့ငါပြောနေတယ်လေ!

မိုင်- ပြောတော့ဘာဖြစ်လဲဟာ! ငါပြောနေတာတွေကမှားနေလို့လား နင်နဲ့အဲ့ကောင်နဲ့ဘယ်အဆင့်ထိရောက်နေကြပြီလဲ ငါ့ကိုပြောစမ်းပါ!

ဤမျှသာWhere stories live. Discover now